Honor ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက စွမ်းဆောင်ရည်မြင့်မားတဲ့ 5G Mid Range ဖုန်းတစ်လုံးဖြစ်တဲ့ Honor X10 စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Honor X10 စမတ်ဖုန်းဟာ Kirin 820 5G Chipset အပြင် Pop-up Selfie Camera နဲ့ Full Screen Experience ကိုပေးစွမ်းနိုင်ခဲ့တဲ့ စမတ်ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။

အခုအချိန်မှာလည်း Honor ကနေ လာမယ့် ဇူလိုင်လ ၄ ရက်နေ့ သို့မဟုတ် ၅ ရက်နေ့မှာ Honor X10 Series ဖုန်းသစ်တွေဖြစ်တဲ့ Honor X10 Max နဲ့ Honor X10 Pro ဖုန်းတွေကို မိတ်ဆက်သွားဦးမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါတယ်။ လောလောဆယ်မှာတော့ အဆိုပါဖုန်း ၂ လုံးထဲက Honor X10 Max ဖုန်းရဲ့ ဓါတ်ပုံတစ်ပုံက Weibo စာမျက်နှာမှာ ပေါက်ကြားလာခဲ့ပါတယ်။

Honor X10 Max စမတ်ဖုန်းဟာ 7.09″ Display ရှိတဲ့အတွက် အရွယ်အစားကြီးမားတဲ့ဖုန်းတစ်လုံးဖြစ်ပြီးတော့ ထွက်ပေါ်လာတဲ့ဓါတ်ပုံအရ Selfie Camera ကို Pop-up အစား Teardrop Design Notch အနေနဲ့ထည့်သွင်းလာမှာဖြစ်ပါတယ်။ Display အနေနဲ့ LCD ဒါမှမဟုတ် OLED Display အသုံးပြုလာမလားဆိုတာကို သေချာမသိရသေးပေမယ့်လည်း DCI-P3 Color Gamut ကို Support ပေးသွားမယ်လို့သိရပါတယ်။

Honor X10 Max စမတ်ဖုန်းဟာ Multimedia ပိုင်းကို အဓိကဦးတည်တဲ့စမတ်ဖုန်းဖြစ်လာမှာဖြစ်ပြီး Kirin 820 5G Chipset နဲ့ 5000mAh Battery အနည်းဆုံးပါဝင်လာမှာလည်းဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Fast Charging စနစ်ကိုလည်း ထောက်ပံ့လာမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါတယ်။

Honor X10 Max ဖုန်းအပြင် Honor ကနေ 6.63″ AMOLED Display ကိုမှ Notch မပါတဲ့ Pop-up Selfie Camera , Kirin 985 5G Chipset နဲ့ Honor X10 Pro 5G စမတ်ဖုန်းကိုပါ မိတ်ဆက်သွားဦးမှာဖြစ်ပါတယ်။

Ref – Gizmo China