Honor X10 Max ရဲ့ သတင်းတွေ ထွက်နေတာ ကြာပါပြီ။ အခုတော့ ကုမ္ပဏီက Honor X10 Max ကို နောက်လ ၂ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ အဲဒီဖုန်းမှာ 5G ပါလာမှာ ဖြစ်ပြီး ကုမ္ပဏီက ဖုန်းဒီဇိုင်းကိုပါ ဖော်ပြထားပါတယ်။ အရွယ်သေး Notch ထည့်ထားမှာ ဖြစ်ပြီး ညာဘက်က အသံခလုတ်ရဲ့အောက်မှာ လက်ဗွေရာ ကိရိယာ ထည့်ထားပါတယ်။

Honor X10 Max မှာ Honor X10 မှာလို Magic User Experience ပါလာနိုင်ပြီး အရွယ်ပိုကြီးတဲ့ မျက်နှာပြင် ထည့်ထားမှာပါ။ အဲဒီ ဖုန်းရဲ့ Specs Sheet ၁ ခု ဝီဘိုကနေ ပေါက်ကြားလာပြီး Dimensity 800 Chipset, ၇.၀၉ လက်မ Full HD+ မျက်နှာပြင်နဲ့ 5,000mAh ဘက်ထရီ ပါလာမယ်လို့ ဖော်ပြထားပါတယ်။ 22.5W Fast Charging ထောက်ပံ့ထားမှာပါ။

48MP Main , 8MP ဆဲလ်ဖီး ကင်မရာ ပါလာမှာ ဖြစ်ပြီး Android 10 အခြေပြု Magic UI 3.1.1 မောင်းနှင်ထားမှာပါ။ အရွယ်အစား အပြည့်အစုံမှာ 174.46 x 84.91 x 8.9 mm ဖြစ်ပြီး ၂၂၇ ဂရမ် အလေးချိန် ရှိပါတယ်။ အနက်၊ အပြာနဲ့ ငွေရောင် ထုတ်လုပ်ထားမှာပါ။

Ref : gsmarena