ပြီးခဲ့တဲ့လပိုင်းတုန်းက Honor ကနေ Huawei ရဲ့ Kirin 820 Chipset ကို အသုံးပြုထားတဲ့ 5G Mid Range ဖုန်းတစ်လုံးဖြစ်တဲ့ Honor X10 5G ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ အောင်မြင်မှုရရှိခဲ့ပြီး Xiaomi ကနေ နောက်ပိုင်းမှာ မိတ်ဆက်ခဲ့တဲ့ Redmi 10X 5G ဖုန်းနဲ့ တိုက်ရိုက်ယှဥ်ပြိုင်နေပြီဖြစ်ပါတယ်။

အဲ့ဒီအတွက် Honor ကနေ မကြာခင်မှာနောက်ထပ် Honor X10 Series ဖုန်းတွေဖြစ်တဲ့ Honor X10 Max နဲ့ Honor X10 Pro ဖုန်းတွေကို မိတ်ဆက်သွားမယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ပိုစိတ်ဝင်စားဖို့ကောင်းတာကတော့ Honor X10 Max ဖုန်းဟာ Kirin Chipset တွေအစား MediaTek ရဲ့ Dimensity 800 Chipset ကို အသုံးပြုလာမှာပဲဖြစ်ပါတယ်။

အဲ့ဒီအတွက် Honor X10 Max စမတ်ဖုန်းဟာ စွမ်းဆောင်ရည်ပိုင်းမှာ ပုံမှန် Kirin 820 Chipset နဲ့ Honor X10 ထက်တောင် အားနည်းမှာဖြစ်ပါတယ်။ Honor အနေနဲ့ MediaTek ကနေ နောက်ဆုံးမိတ်ဆက်ထားတဲ့ Dimensity 820 Chipset ကိုအသုံးပြုလာမယ်ဆိုမှ စွမ်းဆောင်ရည်ပိုင်းမှာ Honor X10 နဲ့ ကွာခြားချက်ပိုနည်းပါးမှာပါ။

Honor X10 Max စမတ်ဖုန်းဟာ လက်ရှိသိရှိထားတဲ့သတင်းတွေအရတော့ 7″ နဲ့အထက် Display ကို အသုံးပြုလာနိုင်ပြီးတော့ 5000mAh ထက်ပိုတဲ့ Battery အပြင် Display ပိုင်းနဲ့ Media ပိုင်းကို ပိုပြီး အာရုံစိုက်လာနိုင်တယ်လို့ ယူဆရပါတယ်။ Honor အနေနဲ့ MediaTek ဆီက Chipset တွေမှာယူမှုကို ယခင်ထက် ၃၀၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့တဲ့အတွက် နောက်ပိုင်းမှာ Honor စမတ်ဖုန်းတွေကို MediaTek Chipset တွေနဲ့ပဲ ဆက်တိုက်တွေ့မြင်ရဖွယ်ရှိနေပါတယ်။

Ref – Giz China