Honor ကနေ ပြီးခဲ့တဲ့လပိုင်းတုန်းက Redmi 10X 5G စမတ်ဖုန်းနဲ့ ယှဥ်ပြိုင်ဖို့အတွက် Honor 10X စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း နောက်ထပ် Honor 10X Max နဲ့ Honor 10X Pro ဆိုပြီး စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်ဖို့ရှိနေသေးတာဖြစ်ပါတယ်။

Honor X10 Pro စမတ်ဖုန်းနဲ့ ပတ်သတ်တဲ့သတင်းတွေက တရုတ်နိုင်ငံရဲ့ Ministry of industry and Information Technology Website မှာ ပေါက်ကြားလာခဲ့ပါတယ်။

အဆိုပါ Website မှာ ဖော်ပြထားချက်အရ Honor X10 Pro 5G စမတ်ဖုန်းဟာ 6.53″ OLED Display ကို အသုံးပြုလာမှာဖြစ်ပြီး Selfie Camera အတွက် Punch-hole Design ကို အသုံးပြုထားမှာဖြစ်ပါတယ်။ RAM နဲ့ Storage အနေနဲ့ကတော့ 6GB + 128GB Version နဲ့ RAM 8GB + 256GB Version ဆိုပြီး ၂ မျိုးထွက်ရှိလာမှာပါ။

Processor ပိုင်းအနေနဲ့ကတော့ စိတ်ဝင်စားဖို့ကောင်းပြီး Huawei ရဲ့ Flagship Chipset တစ်ခုဖြစ်တဲ့ Kirin 985 Chipset ကို အသုံးပြုထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် စွမ်းဆောင်ရည်ပိုင်းမှာလည်း တော်တော်လေးကိုကောင်းမွန်လာနိုင်ဖွယ်ရှိနေပါတယ်။

Camera ပိုင်းမှာတော့ Primary 40MP Sensor ပါဝင်တဲ့ Quad Camera Setup ပါဝင်လာမယ်လို့ သိရပြီး Zoom အတွက် Periscope Telephoto Lens ကိုပါ အသုံးပြုလာနိုင်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 32MP Sensor ထည့်သွင်းထားမှာဖြစ်သလို 3900mAh Battery လည်း ပါဝင်ဦးမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Honor ရဲ့ နောက်ထပ်စွမ်းဆောင်ရည်မြင့်စမတ်ဖုန်းတစ်လုံးဖြစ်လာမယ့် Honor X10 Pro ကို မကြာခင်မြင်တွေ့ရနိုင်ဖွယ်ရှိနေပါတယ်။

Ref – Giz China