Honor ကုမ္ပဏီကအသစ်ထုတ်မယ့် X10 စီးရီးအကြောင်းကို မနေ့တစ်နေ့ကမှ ထုတ်ဖော်ပြောခဲ့တာဖြစ်ပေမယ့် ယနေ့မှာ ဒီစီးရီးရဲ့ ပထမဆုံးအဖွဲ့ဝင် Honor X10 ရဲ့ပုံရိပ်ကိုမြင်ရပြီဖြစ်ပါတယ်။

တရုတ်ပြည်တွင်းအဖွဲ့အစည်းတွေဖြစ်တဲ့ MIIT နဲ့ TENAA တို့မှာ အတည်ပြုချက်ရယူခဲ့တဲ့ Honor X10 ရဲ့ Specs တွေနဲ့ ဘက်ပေါင်းစုံက ရိုက်ထားတဲ့ ဒီဇိုင်းတွေကို အဆိုပါဝက်ဆိုက်များမှာ မြင်တွေ့ခဲ့ရတာပါ။

Honor X10 စမတ်ဖုန်းရဲ့အတွင်းမှာ Kirin 820 5G ချစ်ပ်ဆက်အသုံးပြုပြီး 6.63” IPS LCD Display တို့ ပါဝင်ပါတယ်။ နောက်ဘက်မှာ Quad-camera ပါရှိပေမယ့် အချက်အလက်တွေတော့ မသိရသေးပါဘူး။ 4,200 mAh ဘက္ထရီကြီးကိုတော့ 22.5W အားသွင်းစနစ်နဲ့တွဲဖက်ထားပါတယ်။

Honor X10 ဟာ Honor 9X ရဲ့ဆက်ခံသူဖြစ်ပြီး ဈေးနှုန်းက တရုတ်ယွမ်ငွေ ၁၀၀၀ (မြန်မာငွေ နှစ်သိန်းနီးပါး) သာ သတ်မှတ်လာမယ်လို့ မျှော်မှန်းရပါတယ်။ Honor က ဒီဖုန်းကို Redmi 10X နဲ့ မှားမှာစိုးလို့ X10 လို့ ပြောင်းခဲ့တယ်လို့လည်း သတင်းထွက်ထားပါတယ်။

Ref – GSM Arena