Honor က တရုတ်မှာ အထူးပွဲ ၁ ခုနဲ့ Honor X40 ကို ကြေညာလိုက်ပါတယ်။ အဲဒီ စမတ်ဖုန်းကို တရုတ်မှာ မှာယူနိုင်ပြီ ဖြစ်ပြီး ၂၁၄ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Honor X40 မှာ ၆.၆၇ လက်မ 1080x2400p 120Hz AMOLED မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး 800-nit Brightness Mode ပါလာပါတယ်။ 300Hz Touch Sampling Rate ထောက်ပံ့ထားပြီး Snapdragon 695 Chipset မောင်းနှင်ထားပါတယ်။ 40W Fast Charging ထောက်ပံ့တဲ့ 5,100mAh ဘက်ထရီ ပါလာပြီး မျက်နှာပြင်အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

Honor X40 debuts in China with slim profile, curved screen, affordable price

အနောက်ဘက်မှာ 50MP Main နဲ့ 2MP Auxiliary ကင်မရာ ၂ လုံးနဲ့ LED Flash ၁ လုံးကို စက်ဝိုင်းပုံ အကွက်ထဲမှာ ထည့်သွင်းထားပါတယ်။ “MATRIX AI VISION CAMERA” စာသားကို စက်ဝိုင်းပုံထဲမှာ ထည့်သွင်းထားပြီး Honor Brand ကို အောက်ခြေမှာ ရေးသားထားပါတယ်။ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ ‌

Android 12 အခြေပြု Honor Magic UI 6.1 မောင်းနှင်ထားပြီး 6/128GB, 8/128GB, 8/256GB နဲ့ 12/256GB ၄ မျိုး ထုတ်လုပ်ထားပါတယ်။ အရွယ်အစား အပြည့်အစုံက 161.6 x 73.9 x 7.9 mm ဖြစ်ပြီး အလေးချိန်က ၁၇၂ ဂရမ် ရှိပါတယ်။ Rainbow Clouds Chasing the Moon , Ink Jade Green နဲ့ Phantom Night Darkness အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Honor X40 ကို တရုတ် ပြင်ပမှာ ရောင်းချမလားဆိုတာ မသိရသေးပါဘူး။

Ref : gsmarena