Honor က တရုတ်မှာ Snapdragon 888 Chipset ပါတဲ့ X40 GT ကို ကြေညာလိုက်ပါတယ်။ Honor X40 GT မှာ ၆.၈၁ လက်မ IPS LCD မျက်နှာပြင် တပ်ဆင်ထားပြီး Resolution က Full HD+ ဖြစ်ပါတယ်။ 144Hz Refresh Rate နဲ့ 480Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။ အဲဒီ စမတ်ဖုန်းမှာ အထင်ကြီးစရာကောင်းတဲ့ အလွှာ ၈ ခု Graphite Cooling Pad ကို အသုံးပြုထားပြီး ဖုန်း မျက်နှာပြင်ရဲ့ အပူချိန်ကို ၁ ဒီဂရီ ဆယ်လ်ဆီးယပ်စ် အထိ အေးမြစေပါတယ်။

Honor X40 GT announced with Snapdragon 888 and 50MP main cam, Play 6C follows

Honor X40 GT မှာ စွမ်းဆောင်ရည် မြင့်မားတဲ့ Snapdragon 888 Chipset မောင်းနှင်ထားပြီး 8/12GB RAM နဲ့ 256GB Storage ထည့်သွင်းထားပါတယ်။

ကင်မရာတွေ အနေနဲ့ အနောက်ဘက်မှာ 50MP Main , 2MP Macro , 2MP Depth ၃ လုံးနဲ့ အရှေ့ဘက်မှာ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ 66W Fast Charging ထောက်ပံ့တဲ့ 4,800mAh ဘက်ထရီ ပါလာပြီး Android 12 အခြေပြု Magic UI 6.1 မောင်းနှင်ထားပါတယ်။

Honor X40 GT အတွက် Black , Silver နဲ့ Racing Black အရောင်တွေ ထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံး 8/256GB Version ကို ၂၉၀ ဒေါ်လာနဲ့ 12/256GB Version ကို ၃၃၂ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တရုတ်မှာ အောက်တိုဘာလ ၁၈ ရက်နေ့ စတင် ရောင်းချမှာ ဖြစ်ပါတယ်။

Ref  : gsmarena