[Zawgyi]

Honor ဟာ AI Smart Speaker အမ်ိဴးအစားျဖစ္တဲ့ Yoyo ကို Honor V20 (Honor View 20) နဲ႔အတူ တ႐ုတ္ႏိုင္ငံမွာ မိတ္ဆက္ေပးခဲ့တာ ျဖစ္ပါတယ္။ Honor ရဲ႕ မိခင္ကုမၸဏီျဖစ္တဲ့ Huawei ကလည္း AI Cuber လို႔ေခၚတဲ့ Alexa Smart Speaker ကို ၿပီးခဲ့တဲ့ ၂၀၁၇ခုႏွစ္တုန္းက မိတ္ဆက္ခဲ့ဖူးပါတယ္။

စက္ဝိုင္းပုံစံ ျပဳလုပ္ထားတဲ့ Honor Yoyo ဟာ အေလးခ်ိန္အားျဖင့္ ၁၆၅ဂရမ္ရွိပါတယ္။ Grey နဲ႔ White အေရာင္ ၂မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာျဖစ္ၿပီး၊ စပီကာဖြင့္ရင္ မီးလင္းေစမယ့္ Circular Light တစ္ခုပါရွိမွာ ျဖစ္ပါတယ္။ Wi-Fi ကေနတစ္ဆင့္ စမတ္ဖုန္းနဲ႔ ခ်ိတ္ဆက္ၿပီး ဖုန္းစပီကာအျဖစ္ အသုံးျပဳႏိုင္မွာျဖစ္သလို ဖုန္းေခၚဆိုျခင္း၊ ဖုန္းလက္ခံေျပာဆိုျခင္းမ်ားကိုလည္း ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။

Honor Yoyo မွာ ၂လက္မ အ႐ြယ္အစားရွိ 3W စပီကာတစ္လုံးကို တပ္ဆင္ေပးထားၿပီး၊ အဆိုပါ စပီကာကို Huawei ရဲ႕ Histen အသံနည္းပညာနဲ႔ အားျဖည့္ေပးထားပါတယ္။ Honor Yoyo ဟာ Power Bank နဲ႔လည္း ခ်ိတ္ဆက္ၿပီး အသုံးျပဳႏိုင္တဲ့ Speaker ျဖစ္တဲ့အတြက္ Outdoor ေတြမွာလည္း သယ္ေဆာင္သြားလာႏိုင္မွာ ျဖစ္ပါတယ္။

Honor Yoyo ကို တ႐ုတ္ႏိုင္ငံမွာ ေရာင္းခ်ေနတဲ့ ေစ်းႏႈန္းကေတာ့ တ႐ုတ္ေငြ ၁၉၉ ယြမ္ (ျမန္မာေငြ ၄ေသာင္းခြဲ ဝန္းက်င္) ျဖစ္ပါတယ္။ Amazon , Google နဲ႔ Apple တို႔ကလည္း AI Smart Speaker ေတြကို ထုတ္လုပ္ၿပီးျဖစ္တာေၾကာင့္ Honor ဟာ အဆိုပါ AI Smart Speaker ေတြနဲ႔ ယွဥ္ၿပိဳင္ၿပီး ေစ်းကြက္ထဲကို ဝင္ေရာက္ထိုးေဖာက္ရမွာ ျဖစ္ပါတယ္။

Ref : gadgets.ndtv

[Unicode]

Yoyo AI Smart Speaker ကို မိတ်ဆက်လိုက်တဲ့ Honor

Honor ဟာ AI Smart Speaker အမျိူးအစားဖြစ်တဲ့ Yoyo ကို Honor V20 (Honor View 20) နဲ့အတူ တရုတ်နိုင်ငံမှာ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ Honor ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Huawei ကလည်း AI Cuber လို့ခေါ်တဲ့ Alexa Smart Speaker ကို ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်တုန်းက မိတ်ဆက်ခဲ့ဖူးပါတယ်။

စက်ဝိုင်းပုံစံ ပြုလုပ်ထားတဲ့ Honor Yoyo ဟာ အလေးချိန်အားဖြင့် ၁၆၅ဂရမ်ရှိပါတယ်။ Grey နဲ့ White အရောင် ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး၊ စပီကာဖွင့်ရင် မီးလင်းစေမယ့် Circular Light တစ်ခုပါရှိမှာ ဖြစ်ပါတယ်။ Wi-Fi ကနေတစ်ဆင့် စမတ်ဖုန်းနဲ့ ချိတ်ဆက်ပြီး ဖုန်းစပီကာအဖြစ် အသုံးပြုနိုင်မှာဖြစ်သလို ဖုန်းခေါ်ဆိုခြင်း၊ ဖုန်းလက်ခံပြောဆိုခြင်းများကိုလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Honor Yoyo မှာ ၂လက်မ အရွယ်အစားရှိ 3W စပီကာတစ်လုံးကို တပ်ဆင်ပေးထားပြီး၊ အဆိုပါ စပီကာကို Huawei ရဲ့ Histen အသံနည်းပညာနဲ့ အားဖြည့်ပေးထားပါတယ်။ Honor Yoyo ဟာ Power Bank နဲ့လည်း ချိတ်ဆက်ပြီး အသုံးပြုနိုင်တဲ့ Speaker ဖြစ်တဲ့အတွက် Outdoor တွေမှာလည်း သယ်ဆောင်သွားလာနိုင်မှာ ဖြစ်ပါတယ်။

Honor Yoyo ကို တရုတ်နိုင်ငံမှာ ရောင်းချနေတဲ့ စျေးနှုန်းကတော့ တရုတ်ငွေ ၁၉၉ ယွမ် (မြန်မာငွေ ၄သောင်းခွဲ ဝန်းကျင်) ဖြစ်ပါတယ်။ Amazon , Google နဲ့ Apple တို့ကလည်း AI Smart Speaker တွေကို ထုတ်လုပ်ပြီးဖြစ်တာကြောင့် Honor ဟာ အဆိုပါ AI Smart Speaker တွေနဲ့ ယှဥ်ပြိုင်ပြီး စျေးကွက်ထဲကို ဝင်ရောက်ထိုးဖောက်ရမှာ ဖြစ်ပါတယ်။

Ref : gadgets.ndtv