[Zawgyi]

ေခ်ာမြတ္သည့္ 3D glass back မ်က္ႏွာျပင္ဒီဇိုင္းကို ျမန္မာေငြက်ပ္ သုံးသိန္းခြဲေအာက္ျဖင့္ ဝယ္ယူကိုင္ေဆာင္ႏိုင္မည္ျဖစ္ၿပီး တန္ဖိုးထားရသည့္အခိုက္အတန႔္မ်ားစြာအတြက္ ေက်ာဘက္ကင္မရာ 24MP ႏွင့္ ကင္မရာ သုံးလုံးပါဝင္ အဆင့္ျမႇင့္ထားေသာ HONOR ၏ ေနာက္ဆုံးထြက္စမတ္ဖုန္းျဖင့္ လက္မလြတ္တမ္း ဖမ္းယူ သိမ္းဆည္းထားႏိုင္ၿပီ ျဖစ္သည္။

ျမန္မာႏိုင္ငံအတြင္း ထိပ္ဆုံးမွဦးေဆာင္ေနသည့္ေတးဂီတအက္ပလီေကးရွင္း JOOX ႏွင့္ လူငယ္ကိုယ္စားျပဳ အမွတ္တံဆိပ္ HONOR တို႔မွ ၎တို႔ကို ခ်စ္သူမ်ားအတြက္ ပိုမိုေပ်ာ္႐ႊင္ၾကည္ႏူးဖြယ္ရာ အစီအစဥ္မ်ား တိုးျမႇင့္ လုပ္ေဆာင္ႏိုင္ရန္ တရားဝင္မိတ္ဖက္အျဖစ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း လက္မွတ္ေရးထိုးၾကသည္။

ေဈးကြက္အတြင္း ဦးေဆာင္ေနသည့္ စမတ္ဖုန္းအမွတ္တံဆိပ္ HONOR မွ ေက်ာဘက္ကင္မရာ 24MP ႏွင့္ ကင္မရာသုံးလုံးပါဝင္ၿပီး ဆယ္လ္ဖီ႐ိုက္ကူးျခင္းအတြက္ အေကာင္းမြန္ဆုံးျဖစ္ေစမည့္ 32MP ရွိ selfie master ကင္မရာအပါအဝင္ ေခ်ာေမြ႕ေျပာင္လက္သည့္ အသြင္ပုံစံႏွင့္ ၎၏ ေနာက္ဆုံးထြက္စမတ္ဖုန္းအသစ္ HONOR 20 Lite ကို စတင္မိတ္ဆက္လိုက္ၿပီ ျဖစ္သည္။ HONOR 20 Lite အား ျမန္မာႏိုင္ငံအတြင္း Phantom Blue ႏွင့္ Phantom Red အေရာင္ ၂ မ်ိဳးျဖင့္ ယခု ၾသဂုတ္ လ ၈ ရက္ေန႔မွစတင္ဝယ္ယူႏိုင္မည္ျဖစ္သည္။ စမတ္ဖုန္းဒီဇီုင္းႏွင့္ အသြင္အျပင္မွာ ေက်ာဘက္မ်က္ႏွာျပင္တြင္ လႈပ္ရွားလိုက္တိုင္း ေတာက္ပလာမည့္ dynamic prism-shaped အေရာင္ေျပး အသြင္သ႑ာန္ပုံစံပါရွိၿပီး ၎မွာ လူငယ္မ်ားကို ကိုယ္စားျပဳသည့္ HONOR အမွတ္တံဆိပ္၏ ဒီဇိုင္း စည္းမ်ဥ္းမ်ားႏွင့္အညီ ဖန္တီးထုတ္လုပ္ထားျခင္းလည္း ျဖစ္သည္။

HONOR 20 Lite အား 6.21 လက္မ dewdrop display၊ 1080 x 2340 pixels resolution ၊ 19:5:9 ratio ျဖင့္ ထုတ္လုပ္ထားသည္။ စမတ္ဖုန္းကို Octa-core Kirin 710 processor ျဖင့္ အဓိက အသုံးျပဳလုပ္ေဆာင္ မည့္ Mali G51 MP4 GPU ႏွင့္ခ်ိတ္ဆက္ထားကာ 4GB RAM ႏွင့္ internal storage 128GB အထိ ပါဝင္မည္ျဖစ္သည္။ ဆင္းမ္ကတ္ ႏွစ္ကတ္ ထည့္သြင္းအသုံးျပဳႏိုင္မည့္ Dual SIM (Nano) ဒီဇိုင္းျဖင့္ ထြက္ရွိထားၿပီး Android 9.0 (Pie) ေပၚတြင္ အေျခတည္ထားေသာ EMUI 9.0 ျဖင့္ ေထာက္ပံ့ေပးထားမည္ ျဖစ္သည္။

HONOR 20 series မ်ားအတြင္းမွ “Lite” အမွတ္တံဆိပ္ျဖင့္ထြက္ရွိလာသည့္ အဆိုပါစမတ္ဖုန္းမွာ ေပးဝယ္ယူရသည့္ ေဈးႏႈန္းထက္ မ်ားစြာတန္သည့္ ကင္မရာပိုင္းဆိုင္ရာ အားသာခ်က္မ်ားပါဝင္ေနကာ ၎၏ အေရွ႕ဘက္ ဆယ္လ္ဖီကင္မရာကို 32MP high-resolution AI အသုံးျပဳေပးထားကာ “Selfie Master” ဟု တင္စားေခၚေဝၚႏိုင္သည္အထိ သုံးစြဲသူမ်ား၏ ပုံရိပ္မ်ားကို အလွဆုံးပုံရိပ္မ်ားအျဖစ္ ဖမ္းယူ ထားေပးႏိုင္မည္ျဖစ္သည္။ ေက်ာဘက္တြင္ပါရွိသည့္ ကင္မရာ ၃ လုံးမွာလည္း တစ္ခုခ်င္းအလိုက္ မတူညီ သည့္ စြမ္းေဆာင္ရည္မ်ား ပါဝင္ေနၿပီး အဓိကအေနျဖင့္ 24MP lens အသုံးျပဳထားၿပီး 2MP lens မွာ အလင္း အားမေကာင္းသည့္ ညအခ်ိန္မ်ား၌ပင္ ျမင္ကြင္းမ်ားကို အေသးစိတ္ ဖမ္းယူ႐ိုက္ကူးႏိုင္မည့္ “Super Night” mode ႏွင့္ ၁၂၀ ဒီဂရီ ျမင္ကြင္းက်ယ္ ဓါတ္ပုံမ်ားကို 8MP lens မ်ားမွတစ္ဆင့္ ႐ိုက္ကူးႏိုင္မည္ ျဖစ္သည္။

HONOR Myanmar ၏ ဥကၠဌျဖစ္သူ Mr. Bai Jing က “ျမန္မာႏိုင္ငံမွာ အခုလို HONOR 20 Lite စမတ္ဖုန္း အသစ္ကို မိတ္ဆက္ေပးႏိုင္ၿပီျဖစ္လို႔ ကြၽန္ေတာ္တို႔အေနနဲ႔ အရမ္းပဲ ဝမ္းသာမိပါတယ္။ ဒီဖုန္းက ဓါတ္ပုံ႐ိုက္ တဲ့ေနရာမွာ အံ့အားသင့္ေလာက္စရာ ပုံရိပ္ေတြကို ဖမ္းယူေပးႏိုင္ၿပီးေတာ့ ဆယ္လ္ဖီပုံေကာင္းေတြကို ႐ိုက္ကူးႏိုင္မွာ ျဖစ္သလို သူ႔ရဲ႕ဒီဇိုင္းပုံစံကလည္း ေတာ္ေတာ္ေလး ၾကည့္လို႔ေကာင္းတဲ့ စတိုင္မ်ိဳးပါ။ ဒီဖုန္းမွာ ပါတဲ့ 32MP ရွိတဲ့ “Selfie Master” ကင္မရာက ေဈးကြက္ထဲမွာ အေကာင္းဆုံးဖုန္းတစ္လုံးလို႔ ဆိုႏိုင္သလို အခ်ိန္တိုင္းအတြက္ အဆင့္တန္းျမင့္တဲ့ ဓါတ္ပုံအရည္အေသြးေတြကို ေပးစြမ္းႏိုင္မွာပါ။ ျမန္မာႏိုင္ငံက စမတ္ဖုန္း သုံးစြဲသူေတြအတြက္ ဓါတ္ပုံ႐ိုက္ကူးရာမွာ ကင္မရာသုံးလုံးရဲ႕ သာလြန္တဲ့စြမ္းေဆာင္ရည္ပိုင္းကို သာမက ျမင့္မားတဲ့ မိုဘိုင္းလ္ဖုန္း အရည္အေသြး စတာေတြကို HONOR 20 Lite မွာ ျမင္ေတြ႕ရမွာ ျဖစ္ၿပီးေတာ့ သက္သာတဲ့ႏႈန္းနဲ႔ သုံးစြဲခြင့္ရေစမယ္လို႔လည္း ကြၽန္ေတာ္တို႔ ယုံၾကည္ပါတယ္။” ဟု ေျပာၾကား သည္။

အထက္ပါ ကင္မရာနည္းပညာပိုင္း အားသာခ်က္မ်ားသာမက ဘက္ထရီစြမ္းေဆာင္ရည္မွာလည္း 3,400mAh ျဖစ္ၿပီး တစ္ရက္တာအတြင္း အားျပန္သြင္းရန္လိုအပ္မည္ မဟုတ္ပါ။ ဂိမ္းကစားသူမ်ားအတြက္ မိုဘိုင္းလ္ဂိမ္းမ်ား ကစားရာတြင္ အထစ္အေင့ါမရွိ လ်င္ျမန္သည့္ အရည္အေသြးကို ေပးစြမ္းႏိုင္မည့္ GPU Turbo 2.0 ကိုလည္း ထည့္သြင္းေပးထားကာ 4G စနစ္ကို အေထာက္အပံ့ေပးသည့္ SIM slot ႏွစ္ခု၊ Wi-Fi 802.11 a/b/g/n/ac စနစ္ႏွင့္ 4.2 super Bluetooth စနစ္ကို ထည့္သြင္းအသုံးျပဳေပးထားသည္။ ထို႔အျပင္ ဖုန္း၏ မွတ္ဉာဏ္ကို 512 GB အထိ ထပ္မံတိုးျမႇင့္ႏိုင္ၿပီး မ်က္လုံးအတြက္ ထိခိုက္ေစႏိုင္သည့္ အျပာေရာင္ အလင္းမ်ားဒဏ္မွ ကာကြယ္ေပးႏိုင္ေသာ TüV Rheinland certified လည္း ပါဝင္သည္။ ေကာင္းမြန္သည့္ စနစ္မ်ားစြာ ထည့္သြင္းထားသည့္ HONOR 20 Lite စမတ္ဖုန္းကိုမူ ေငြက်ပ္ သုံးသိန္းခြဲထက္ မေက်ာ္သည့္ ေဈးႏႈန္းျဖင့္ သင့္တင့္စြာ ဝယ္ယူႏိုင္မည္လည္း ျဖစ္သည္။

“HONOR အေနနဲ႔ HONOR ခ်စ္သူေတြအတြက္ စိတ္လႈပ္ရွားစရာေကာင္းတဲ့ ပူးေပါင္းေဆာင္႐ြက္မႈတစ္ခုကို ေၾကညာဖို႔လည္းရွိပါတယ္။ ဒါကေတာ့ HONOR နဲ႔ JOOX အက္ပလီေကးရွင္းတို႔ရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈ ျဖစ္ပါတယ္။ ဒီပူးေပါင္းမႈကေန ႏွစ္ဘက္စလုံးရဲ႕ Fan ေတြအတြက္ ေပ်ာ္စရာေကာင္းတဲ့အစီအစဥ္ေတြ၊ ကမ္ပိန္းေတြအျပင္ ကံစမ္းမဲဆုလက္ေဆာင္အစီအစဥ္ေတြမ်ားစြာကို မိုဘိုင္းလ္ဖုန္းနဲ႔ေတးဂီတ ခ်စ္ျမတ္ႏိုးသူ ေတြအတြက္ မေဝးေတာ့တဲ့အခ်ိန္မွာ သယ္ေဆာင္လာေပးေတာ့မွာလည္းျဖစ္ပါတယ္။” ဟု Mr. Bai Jing က ထပ္ေလာင္း ေျပာၾကားသည္။

လူငယ္အမွတ္တံဆိပ္ JOOX ႏွင့္အတူ သယ္ေဆာင္လာမည့္ ရင္ခုန္အံ့အားသင့္ဖြယ္ရာ အစီအစဥ္မ်ား

HONOR အေနျဖင့္ လူငယ္မ်ိဳးဆက္သစ္မ်ားအတြက္ ေပ်ာ္႐ႊင္ဖြယ္ရာေကာင္းၿပီး ေခတ္ေရစီးအလိုက္ ခံစားမႈ အေတြ႕အႀကဳံမ်ားေပးစြမ္းရန္ ေဆာင္႐ြက္ထားသကဲ့သို႔ ထိုသို႔ ရည္႐ြယ္ခ်က္မ်ားျဖင့္ ေဆာင္႐ြက္ေနသည့္ channels မ်ားႏွင့္ လက္တြဲေဆာင္႐ြက္သြားလိုသည္ျဖစ္ရာ အာရွေဈးကြက္အတြင္း လူႀကိဳက္မ်ား ေရပန္း အစားဆုံးျဖစ္လာသည့္ JOOX ေတးဂီတအက္ပလီေကးရွင္းႏွင့္လည္း ေတးဂီတကို ခ်စ္ျမတ္ႏိုးသည့္ လူငယ္ တိုင္းအတြက္ မိတ္ဖက္အျဖစ္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ျပဳလုပ္သြားမည္ျဖစ္သည္။ ထို႔ေၾကာင့္ ၂၀၁၈ ခုႏွစ္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားအၿပီး ယခုတစ္ခါ ထပ္မံ၍ HONOR ႏွင့္ JOOX တို႔ ဆက္လက္လက္တြဲ ပူးေပါင္းၿပီး “Top Fan Campaign” မ်ား ျပဳလုပ္ေပးလ်က္ရွိကာ စိတ္ဝင္စားဖြယ္ဆုလက္ေဆာင္မ်ားေပးအပ္ျခင္းကို ယခု ၂၀၁၉ ခုႏွစ္ ေမလ ကတည္းကပင္ စတင္လုပ္ေဆာင္ခဲ့ၿပီးျဖစ္သည္။ ယခု HONOR ႏွင့္ JOOX အၾကား တရားဝင္ပူးေပါင္းေဆာင္႐ြက္ျခင္း သေဘာတူညီမႈ လက္မွတ္ေရးထိုးၿပီးခ်ိန္တြင္မူ ႏိုင္ငံတစ္ဝန္းတြင္ ေတးဂီတ ပြဲေတာ္မ်ားစြာ တင္ဆက္ ဖန္တီးသြားမည္ျဖစ္ၿပီး ဂီတကို ခုံမင္သူမ်ားအေနျဖင့္ ၎တို႔ ခ်စ္ခင္ အားေပးသည့္ အဆိုေတာ္မ်ားႏွင့္လည္း ေတြ႕ဆုံခြင့္ရမည့္ အစီအစဥ္မ်ား ပါဝင္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ ေၾကညာသည္။

[Unicode]

32MP Selfie Camera နဲ့ HONOR 20 Lite ကို မြန်မာနိုင်ငံမှာ မိတ်ဆက်

ချောမွတ်သည့် 3D glass back မျက်နှာပြင်ဒီဇိုင်းကို မြန်မာငွေကျပ် သုံးသိန်းခွဲအောက်ဖြင့် ဝယ်ယူကိုင်ဆောင်နိုင်မည်ဖြစ်ပြီး တန်ဖိုးထားရသည့်အခိုက်အတန့်များစွာအတွက် ကျောဘက်ကင်မရာ 24MP နှင့် ကင်မရာ သုံးလုံးပါဝင် အဆင့်မြှင့်ထားသော HONOR ၏ နောက်ဆုံးထွက်စမတ်ဖုန်းဖြင့် လက်မလွတ်တမ်း ဖမ်းယူ သိမ်းဆည်းထားနိုင်ပြီ ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ထိပ်ဆုံးမှဦးဆောင်နေသည့်တေးဂီတအက်ပလီကေးရှင်း JOOX နှင့် လူငယ်ကိုယ်စားပြု အမှတ်တံဆိပ် HONOR တို့မှ ၎င်းတို့ကို ချစ်သူများအတွက် ပိုမိုပျော်ရွှင်ကြည်နူးဖွယ်ရာ အစီအစဉ်များ တိုးမြှင့် လုပ်ဆောင်နိုင်ရန် တရားဝင်မိတ်ဖက်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လက်မှတ်ရေးထိုးကြသည်။

ဈေးကွက်အတွင်း ဦးဆောင်နေသည့် စမတ်ဖုန်းအမှတ်တံဆိပ် HONOR မှ ကျောဘက်ကင်မရာ 24MP နှင့် ကင်မရာသုံးလုံးပါဝင်ပြီး ဆယ်လ်ဖီရိုက်ကူးခြင်းအတွက် အကောင်းမွန်ဆုံးဖြစ်စေမည့် 32MP ရှိ selfie master ကင်မရာအပါအဝင် ချောမွေ့ပြောင်လက်သည့် အသွင်ပုံစံနှင့် ၎င်း၏ နောက်ဆုံးထွက်စမတ်ဖုန်းအသစ် HONOR 20 Lite ကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ HONOR 20 Lite အား မြန်မာနိုင်ငံအတွင်း Phantom Blue နှင့် Phantom Red အရောင် ၂ မျိုးဖြင့် ယခု သြဂုတ် လ ၈ ရက်နေ့မှစတင်ဝယ်ယူနိုင်မည်ဖြစ်သည်။ စမတ်ဖုန်းဒီဇီုင်းနှင့် အသွင်အပြင်မှာ ကျောဘက်မျက်နှာပြင်တွင် လှုပ်ရှားလိုက်တိုင်း တောက်ပလာမည့် dynamic prism-shaped အရောင်ပြေး အသွင်သဏ္ဍာန်ပုံစံပါရှိပြီး ၎င်းမှာ လူငယ်များကို ကိုယ်စားပြုသည့် HONOR အမှတ်တံဆိပ်၏ ဒီဇိုင်း စည်းမျဉ်းများနှင့်အညီ ဖန်တီးထုတ်လုပ်ထားခြင်းလည်း ဖြစ်သည်။

HONOR 20 Lite အား 6.21 လက်မ dewdrop display၊ 1080 x 2340 pixels resolution ၊ 19:5:9 ratio ဖြင့် ထုတ်လုပ်ထားသည်။ စမတ်ဖုန်းကို Octa-core Kirin 710 processor ဖြင့် အဓိက အသုံးပြုလုပ်ဆောင် မည့် Mali G51 MP4 GPU နှင့်ချိတ်ဆက်ထားကာ 4GB RAM နှင့် internal storage 128GB အထိ ပါဝင်မည်ဖြစ်သည်။ ဆင်းမ်ကတ် နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်မည့် Dual SIM (Nano) ဒီဇိုင်းဖြင့် ထွက်ရှိထားပြီး Android 9.0 (Pie) ပေါ်တွင် အခြေတည်ထားသော EMUI 9.0 ဖြင့် ထောက်ပံ့ပေးထားမည် ဖြစ်သည်။

HONOR 20 series များအတွင်းမှ “Lite” အမှတ်တံဆိပ်ဖြင့်ထွက်ရှိလာသည့် အဆိုပါစမတ်ဖုန်းမှာ ပေးဝယ်ယူရသည့် ဈေးနှုန်းထက် များစွာတန်သည့် ကင်မရာပိုင်းဆိုင်ရာ အားသာချက်များပါဝင်နေကာ ၎င်း၏ အရှေ့ဘက် ဆယ်လ်ဖီကင်မရာကို 32MP high-resolution AI အသုံးပြုပေးထားကာ “Selfie Master” ဟု တင်စားခေါ်ဝေါ်နိုင်သည်အထိ သုံးစွဲသူများ၏ ပုံရိပ်များကို အလှဆုံးပုံရိပ်များအဖြစ် ဖမ်းယူ ထားပေးနိုင်မည်ဖြစ်သည်။ ကျောဘက်တွင်ပါရှိသည့် ကင်မရာ ၃ လုံးမှာလည်း တစ်ခုချင်းအလိုက် မတူညီ သည့် စွမ်းဆောင်ရည်များ ပါဝင်နေပြီး အဓိကအနေဖြင့် 24MP lens အသုံးပြုထားပြီး 2MP lens မှာ အလင်း အားမကောင်းသည့် ညအချိန်များ၌ပင် မြင်ကွင်းများကို အသေးစိတ် ဖမ်းယူရိုက်ကူးနိုင်မည့် “Super Night” mode နှင့် ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ဓါတ်ပုံများကို 8MP lens များမှတစ်ဆင့် ရိုက်ကူးနိုင်မည် ဖြစ်သည်။

HONOR Myanmar ၏ ဥက္ကဌဖြစ်သူ Mr. Bai Jing က “မြန်မာနိုင်ငံမှာ အခုလို HONOR 20 Lite စမတ်ဖုန်း အသစ်ကို မိတ်ဆက်ပေးနိုင်ပြီဖြစ်လို့ ကျွန်တော်တို့အနေနဲ့ အရမ်းပဲ ဝမ်းသာမိပါတယ်။ ဒီဖုန်းက ဓါတ်ပုံရိုက် တဲ့နေရာမှာ အံ့အားသင့်လောက်စရာ ပုံရိပ်တွေကို ဖမ်းယူပေးနိုင်ပြီးတော့ ဆယ်လ်ဖီပုံကောင်းတွေကို ရိုက်ကူးနိုင်မှာ ဖြစ်သလို သူ့ရဲ့ဒီဇိုင်းပုံစံကလည်း တော်တော်လေး ကြည့်လို့ကောင်းတဲ့ စတိုင်မျိုးပါ။ ဒီဖုန်းမှာ ပါတဲ့ 32MP ရှိတဲ့ “Selfie Master” ကင်မရာက ဈေးကွက်ထဲမှာ အကောင်းဆုံးဖုန်းတစ်လုံးလို့ ဆိုနိုင်သလို အချိန်တိုင်းအတွက် အဆင့်တန်းမြင့်တဲ့ ဓါတ်ပုံအရည်အသွေးတွေကို ပေးစွမ်းနိုင်မှာပါ။ မြန်မာနိုင်ငံက စမတ်ဖုန်း သုံးစွဲသူတွေအတွက် ဓါတ်ပုံရိုက်ကူးရာမှာ ကင်မရာသုံးလုံးရဲ့ သာလွန်တဲ့စွမ်းဆောင်ရည်ပိုင်းကို သာမက မြင့်မားတဲ့ မိုဘိုင်းလ်ဖုန်း အရည်အသွေး စတာတွေကို HONOR 20 Lite မှာ မြင်တွေ့ရမှာ ဖြစ်ပြီးတော့ သက်သာတဲ့နှုန်းနဲ့ သုံးစွဲခွင့်ရစေမယ်လို့လည်း ကျွန်တော်တို့ ယုံကြည်ပါတယ်။” ဟု ပြောကြား သည်။

အထက်ပါ ကင်မရာနည်းပညာပိုင်း အားသာချက်များသာမက ဘက်ထရီစွမ်းဆောင်ရည်မှာလည်း 3,400mAh ဖြစ်ပြီး တစ်ရက်တာအတွင်း အားပြန်သွင်းရန်လိုအပ်မည် မဟုတ်ပါ။ ဂိမ်းကစားသူများအတွက် မိုဘိုင်းလ်ဂိမ်းများ ကစားရာတွင် အထစ်အငေ့ါမရှိ လျင်မြန်သည့် အရည်အသွေးကို ပေးစွမ်းနိုင်မည့် GPU Turbo 2.0 ကိုလည်း ထည့်သွင်းပေးထားကာ 4G စနစ်ကို အထောက်အပံ့ပေးသည့် SIM slot နှစ်ခု၊ Wi-Fi 802.11 a/b/g/n/ac စနစ်နှင့် 4.2 super Bluetooth စနစ်ကို ထည့်သွင်းအသုံးပြုပေးထားသည်။ ထို့အပြင် ဖုန်း၏ မှတ်ဉာဏ်ကို 512 GB အထိ ထပ်မံတိုးမြှင့်နိုင်ပြီး မျက်လုံးအတွက် ထိခိုက်စေနိုင်သည့် အပြာရောင် အလင်းများဒဏ်မှ ကာကွယ်ပေးနိုင်သော TüV Rheinland certified လည်း ပါဝင်သည်။ ကောင်းမွန်သည့် စနစ်များစွာ ထည့်သွင်းထားသည့် HONOR 20 Lite စမတ်ဖုန်းကိုမူ ငွေကျပ် သုံးသိန်းခွဲထက် မကျော်သည့် ဈေးနှုန်းဖြင့် သင့်တင့်စွာ ဝယ်ယူနိုင်မည်လည်း ဖြစ်သည်။

“HONOR အနေနဲ့ HONOR ချစ်သူတွေအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုကို ကြေညာဖို့လည်းရှိပါတယ်။ ဒါကတော့ HONOR နဲ့ JOOX အက်ပလီကေးရှင်းတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါတယ်။ ဒီပူးပေါင်းမှုကနေ နှစ်ဘက်စလုံးရဲ့ Fan တွေအတွက် ပျော်စရာကောင်းတဲ့အစီအစဉ်တွေ၊ ကမ်ပိန်းတွေအပြင် ကံစမ်းမဲဆုလက်ဆောင်အစီအစဉ်တွေများစွာကို မိုဘိုင်းလ်ဖုန်းနဲ့တေးဂီတ ချစ်မြတ်နိုးသူ တွေအတွက် မဝေးတော့တဲ့အချိန်မှာ သယ်ဆောင်လာပေးတော့မှာလည်းဖြစ်ပါတယ်။” ဟု Mr. Bai Jing က ထပ်လောင်း ပြောကြားသည်။

လူငယ်အမှတ်တံဆိပ် JOOX နှင့်အတူ သယ်ဆောင်လာမည့် ရင်ခုန်အံ့အားသင့်ဖွယ်ရာ အစီအစဉ်များ

HONOR အနေဖြင့် လူငယ်မျိုးဆက်သစ်များအတွက် ပျော်ရွှင်ဖွယ်ရာကောင်းပြီး ခေတ်ရေစီးအလိုက် ခံစားမှု အတွေ့အကြုံများပေးစွမ်းရန် ဆောင်ရွက်ထားသကဲ့သို့ ထိုသို့ ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်နေသည့် channels များနှင့် လက်တွဲဆောင်ရွက်သွားလိုသည်ဖြစ်ရာ အာရှဈေးကွက်အတွင်း လူကြိုက်များ ရေပန်း အစားဆုံးဖြစ်လာသည့် JOOX တေးဂီတအက်ပလီကေးရှင်းနှင့်လည်း တေးဂီတကို ချစ်မြတ်နိုးသည့် လူငယ် တိုင်းအတွက် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ထို့ကြောင့် ၂၀၁၈ ခုနှစ် ပူးပေါင်းဆောင်ရွက်မှုများအပြီး ယခုတစ်ခါ ထပ်မံ၍ HONOR နှင့် JOOX တို့ ဆက်လက်လက်တွဲ ပူးပေါင်းပြီး “Top Fan Campaign” များ ပြုလုပ်ပေးလျက်ရှိကာ စိတ်ဝင်စားဖွယ်ဆုလက်ဆောင်များပေးအပ်ခြင်းကို ယခု ၂၀၁၉ ခုနှစ် မေလ ကတည်းကပင် စတင်လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ ယခု HONOR နှင့် JOOX အကြား တရားဝင်ပူးပေါင်းဆောင်ရွက်ခြင်း သဘောတူညီမှု လက်မှတ်ရေးထိုးပြီးချိန်တွင်မူ နိုင်ငံတစ်ဝန်းတွင် တေးဂီတ ပွဲတော်များစွာ တင်ဆက် ဖန်တီးသွားမည်ဖြစ်ပြီး ဂီတကို ခုံမင်သူများအနေဖြင့် ၎င်းတို့ ချစ်ခင် အားပေးသည့် အဆိုတော်များနှင့်လည်း တွေ့ဆုံခွင့်ရမည့် အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာသည်။