Zawgyi
Ref: gadgets.ndtv
Unicode
Honor 7X နဲ့ View 10 တို့အတှကျ GPU Turbo ပါတဲ့ Software Update
Huawei ရဲ့ Brand ခွဲတစ်ခုဖြစ်တဲ့ Honor ဟာ Honor 7X နဲ့ Honor View 10 စမတ်ဖုန်းတွေအတွက် နောက်ဆုံးထွက် Software Update ကို ပြီးခဲ့တဲ့ တစ်ပတ်က Online ကနေတစ်ဆင့် ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ Software Update မှာ အဓိက ပါဝင်လာတဲ့အရာကတော့ Gaming performance ကို ၆၀ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးပြီး Power consumption ကို ၃၀ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်တဲ့ GPU Turbo ပါဝင်လာခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် Honor 7X မှာ Call recording, Party Mode နဲ့ တခြား အဆင့်မြှင့်တင်မှုများပါဝင်လာြပီး Honor View 10 မှာတော့ AIS feature, နဲ့ Bug fix များပါဝင်လာပါတယ်။
Honor 7X ရဲ့ System Update က EMUI 8.0.0.360 ဖြစ်ပြီး Feature အသစ်များစွာပါဝင်လာကြောင်းကို Honor Forums ရှိ Moderator တစ်ဦးက Post တင်ပြီး မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။ Honor 7X ရဲ့ System Update မှာ ဖုန်းခေါ်နေစဥ် Record ပြုလုပ်နိုင်မယ့် Call recording, သီချင်းတွေကို စမတ်ဖုန်းအများကြီးမှာ တပြိုင်တည်း ဖွင့်ထားနိုင်မယ့် Party Mode Apk, GPU Turbo နဲ့ Google Security Patch တို့ ပါဝင်မှာပါ။
Honor View 10 ရဲ့ System Update က EMUI 8.0.0170 ဖြစ်ပြီး ဖိုင်အရွယ်အစားက 472MB ရှိမှာ ဖြစ်ပါတယ်။ Honor View 10 ရဲ့ System Update မှာ GPU Turbo, ဓာတ်ပုံရိုက်ကူးရာမှာ ပိုမိုကောင်းမွန်တဲ့ အရည်အသွေးကို ရရှိဖို့အတွက် AIS လို့ခေါ်တဲ့ Artificial Image Stabilization နဲ့ Google Security Patch တို့ပါဝင်မှာ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ အဆိုပါ System Update ကို Honor 7X နဲ့ Honor View 10 ပိုင်ရှင်တစ်ချိူ့သာ Update ပြုလုပ်ခွင့်ရရှိသေးတာ ဖြစ်ပြီး သိပ်မကြာခင်မှာ အသုံးပြုအားလုံး Update ပြုလုပ်ခွင့်ရမယ်လို့ သိရပါတယ်။ Honor အနေနဲ့ GPU Tubo ပါဝင်တဲ့ စမတ်ဖုန်း Honor Play ကို ပြီးခဲ့တဲ့ သြဂုတ်လက အိန္ဒိယနိုင်ငံမှာ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ မကြာခင်မှာလည်း Honor 10, Honor View 10, Honor 9Lite နဲ့ Honor 7X စမတ်ဖုန်းတွေမှာ GPU Turbo ကိုအသုံးပြုနိုင်မယ်လို့ ကြေငြာထားပါတယ်။’
Ref: gadgets.ndtv