အွန်လိုင်း သုံးသူတွေအတွက် ကိုယ်ရေးကိုယ်တာ ဒေတာတွေ စိတ်ချရမှုဟာ အရင်ကထက် အရမ်းကို စိုးရိမ်လာရပါပြီ။ အစိုးရ၊ ကုမ္ပဏီတွေနဲ့ ဟက်ကာတွေဟာ အွန်လိုင်း သုံးသူတွေရဲ့ ကိုယ်ရေးကိုယ်တာ ဒေတာတွေကို ခိုးယူနေကြပါတယ်။ အဲဒါကို ကာကွယ်ဖို့ အဖြေကတော့ End-to-end Encryption ဖြစ်ပါတယ်။

End-to-end Encryption ဆိုတာ ဘာလဲ?

End-to-end Encryption ဆိုတာ လုံခြုံတဲ့ ဆက်သွယ်ရေး နည်းပညာ တစ်ခု ဖြစ်ပြီး Messenger တွေမှာ သင်ပြောထားတဲ့ Messages တွေကို တခြား သူတွေက ကြားကနေ ဖြတ်ကာ ခိုးယူ ကြည့်ရှုလို့ မရပါဘူး။ အဲဒီ နည်းပညာကို နာမည်ကြီး Messaging Service တွေ ဖြစ်တဲ့ Signal , WhatsApp နဲ့ Telegram တို့ ဘယ်လို အသုံးပြုကြသလဲ ဆိုတာလေ့လာကြည့်ရအောင်။

Signal

Signal ဟာ အလုံခြုံဆုံး Messaging Applications တွေထဲက ၁ ခု ဖြစ်ပါတယ်။ ဆက်သွယ်မှု အားလုံးကို Default အနေနဲ့ End-to-end Encryption လုပ်ထားပါတယ်။ Messages တွေကို Cloud မှာ မသိမ်းထားတဲ့အတွက် ခိုးယူဖို့ မလွယ်ကူပါဘူး။ တည်နေရာနဲ့ အချိန်တွေကို ခြေရာခံလို့ မရအောင် Messages တွေရဲ့ Metadata တွေကိုလည်း Encrypt လုပ်ထားပါတယ်။

Signal မှာ Multi-Party Off-the-Record Messaging လို့ ခေါ်တဲ့ OTR နည်းပညာကို သုံးထားတဲ့အတွက် Group Chat တွေမှာတောင် End-to-end Encryption လုပ်ပေးထားပါတယ်။ Group Chat တွေမှာ ပါဝင်သူများလေလေ၊ ဒေတာ ခိုးယူခံရမှု အခွင့်အရေး များလေလေ ဖြစ်ပါတယ်။  End-to-end Encryption ကို သုံးထားတဲ့အတွက် ဒီပြဿနာတွေ သိပ်မဖြစ်တော့ပါဘူး။

WhatsApp

WhatsApp ဟာလည်း End-to-end Encryption သုံးထားတဲ့ နာမည်ကြီး Messenger ၁ ခု ဖြစ်ပါတယ်။ Messages နဲ့ Calls တွေအတွက် End-to-end Encryption ကို သုံးပေးထားပါတယ်။ WhatsApp က Signal Messenger ကို ဖန်တီးထားတဲ့ Open Whisper Systems ရဲ့ End-to-end Encryption နည်းပညာကိုပဲ သုံးထားပါတယ်။

Signal နဲ့ မတူတာက WhatsApp မှာ Messages တွေကို Cloud မှာ Back Up လုပ်နိုင်သလို Metadata တွေကိုလည်း Encrypt မလုပ်ထားပါဘူး။ အဲဒီအတွက် Messages တွေရဲ့ တည်နေရာနဲ့ အချိန်ကို သိရှိနိုင်တဲ့အတွက် သိပ်မလုံခြုံပါဘူး။

Telegram

Telegram ကို လူတွေ ကြိုက်တဲ့ အကြောင်းအရင်းက End-to-end Encryption နဲ့ Self-destructing Messages လုပ်ဆောင်ချက်တွေကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် Telegram မှာ End-to-end Encryption ကို Default အနေနဲ့ ထည့်သွင်းပေးထားတာ မဟုတ်ပါဘူး။ User က Secret Chats ကို သုံးမှ End-to-end Encryption ရမှာပါ။

Telegram မှာ Messages တွေကို Cloud မှာ Back Up လုပ်ထားတဲ့အတွက်လည်း သိပ်မလုံခြုံပါဘူး။ Secret Chat ကို သုံးရင်တော့ သင် Messages ပို့လိုက်တဲ့ Device ကနေပဲ အဲဒီ Messages တွေကို မြင်နိုင်ပါတယ်။ Secret Chats မှာ End-to-end Encryption ကို သုံးထားပေမယ့် Group Chats တွေမှာတော့ မသုံးထားပါဘူး။ အဲဒီအတွက် Group Chats တွေကို Device များစွာကနေ သုံးနိုင်သလို Chat Logs တွေကိုလည်း Device များစွာကနေ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ နောက်ထပ် အားနည်းချက်က Telegram ဟာ Secret Chats မှာတောင် Link Preview တွေကို ဆာဗာတွေမှာ သိမ်းထားတဲ့အတွက် Link တွေပို့ရင် မလုံခြုံပါဘူး။

အလုံခြုံဆုံး Messenger က ဘာလဲ?

Signal ဟာ WhatsApp လောက်နာမည်မကြီးပေမယ့် End-to-end Encryption အပိုင်းမှာ Signal ဟာ WhatsApp ထက် ပိုကောင်းပါတယ်။ Telegram ကတော့ Device များစွာမှာ သုံးရလွယ်ကူအောင်လုပ်ပေးထားတဲ့အတွက် End-to-end Encryption အပိုင်းမှာ အားအနည်းဆုံး ဖြစ်ပါတယ်။

Ref : makeuseof