Apple iPhone ကို အသုံးပြုနေတယ်ဆိုရင် အကောင်းဆုံးက ကိုယ့်ရဲ့ Contact အပါအဝင် အရေးကြီး Data တွေကို iCloud မှာပဲ Backup ပြုလုပ်ထားတာအကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် Google Account မှာ Contact တွေကို Backup ပြုလုပ်ချင်တယ်ဆိုရင် ဘယ်လိုမျိုး ပြုလုပ်ရမလဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အရင်ဆုံးအနေနဲ့ App Store ကနေတစ်ဆင့် Google Drive App ကို Download ပြုလုပ်ထားဖို့လိုအပ်မှာဖြစ်ပါတယ်။

ပြီးရင်တော့ Settings – Contacts ကနေတစ်ဆင့် ကိုယ့်ရဲ့ Gmail Account ကို နှိပ်ပြီး Contacts ကို Enable ပြုလုပ်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ အခုလိုမျိုး ပြုလုပ်ပြီးပြီဆိုရင် ကိုယ့်ရဲ့ Contact တွေဟာ Google Account မှာ အလိုအလျောက် သိမ်းဆည်းထားပေးမှာဖြစ်ပါတယ်။

တကယ်လို့ Google Drive မှာ Contact တွေကို Backup ပြုလုပ်ချင်တယ်ဆိုရင်တော့ Google Drive App ကို ဖွင့်ပြီး ဘယ်ဘက်ထောင့်မှာရှီတဲ့ Settings ထဲကို ဝင်ရောက်ရမှာဖြစ်ပါတယ်။ ပြီးရင်တော့ Backup ထဲကို ဝင်ရောက်ပြီး Contacts ကို “Backup to Google Contacts” အဖြစ်ရွေးချယ်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

ပြီးရင်တော့ Start Backup ကို နှိပ်လိုက်တာနဲ့ ကိုယ့်ရဲ့ Contact တွေကို Google Drive မှာ Backup ပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Apple iPhone အသုံးပြုနေပြီး Android ဖုန်းကို ပြောင်းလဲချင်တာပဲဖြစ်ဖြစ်၊ တခြားသောအကြောင်းပြချက်ကြောင့် Contact တွေကို Google Account မှာပြောင်းလဲ Backup ပြုလုပ်ချင်တဲ့သူတွေအတွက် အခုပြောသွားတဲ့အချက်လေးတွေက အသုံးဝင်မှာပါ။

Ref – Android Central