Google က Chrome ဘရောက်စာမှာ Safe Browsing Protection ကို ထည့်သွင်းပေးထားပါတယ်။ အဲဒီ လုပ်ဆောင်ချက်က အန္တရာယ်ရှိတဲ့ URLs တွေနဲ့ ဝက်ဘ်ဆိုက်တွေကို မရောက်သွားအောင် သင့်ကို ကာကွယ်ပေးပါတယ်။ အဲဒီ ဝက်ဘ်ဆိုက်တွေကို ရောက်သွားရင် သင့် ဒေတာတွေ ခိုးယူခံရနိုင်ပါတယ်။

Google က Chrome မှာ Safe Browsing Settings အတွက် Level ၃ ခု ထည့်သွင်းပေးထားပါတယ်။ အဲဒီ Level ကို သင်နှစ်သက်သလို ပြောင်းလဲနိုင်ပါတယ်။

  • သင့် လက်ပ်တော့ သို့မဟုတ် ဒတ်စတော့မှာ Google Chrome ကို ဖွင့်ပါ။
  • Settings> Security ထဲသွားပါ။
  • Safe Browsing Section ကို သွားပါ။
  • အဲဒီမှာ ‘Enhanced’ , ‘Standard’ နဲ့ ‘No Protection’ Option ၃ ခုကို ပြသပေးထားပါတယ်။ ‘No Protection’ ကိုတော့ မရွေးချယ်ဖို့ အကြံပေးပါတယ်။Safe browsing protection in Google Chrome

Default အနေနဲ့ Chrome က Standard Level ကို ရွေးချယ်ပေးထားပါတယ်။ ‘Enhanced’ Level က သင် သုံးနေတဲ့ တခြား Google Apps တွေအတွက် လုံခြုံရေး ပိုကောင်းပြီး Malicious URLs တွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ သင် ဘရောက်စာမှာ သိမ်းထားတဲ့ Passwords တွေ အွန်လိုင်းမှာ ပေါက်ကြားသွားရင်လည်း သတိပေးနိုင်ပါတယ်။

Security Settings မှာ သင့် ကိုယ်ပိုင် DNS ကို သတ်မှတ်နိုင်သလို Security Keys ကိုလည်း စီမံခန့်ခွဲနိုင်ပါတယ်။

Ref : tnw