Facebook ဟာ လုပ်ဆောင်ချက် အသစ်တွေ ထည့်သွင်းပြီး လူတွေကို စွဲဆောင်နေပါတယ်။ အီမိုဂျီတွေကို လူတွေ အရမ်း အသုံးများလာနေကြပြီး Facebook က ပိုလူသုံးများအောင် လုပ်ဆောင်ချက်အသစ်တစ်ခုကို ထည့်သွင်းပေးထားပါတယ်။ အဲဒါက ပုံတူ Avatar တွေဖန်တီးနိုင်တဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။

Facebook Avatar ဖန်တီးဖို့အတွက် အောက်ပါ နည်းလမ်းအတိုင်း လုပ်ဆောင်ပါ။

၁။ Android App ကနေ Facebook ထဲ ဝင်ပါ။

၂။ Horizontal Lines Icon ကို နှိပ်ပါ။

၃။ Menu List ထဲက See More ကို နှိပ်ပါ။

၄။ Avatars ကို နှိပ်ပါ။

၅။ Avatar Pop-up Screen ကနေ Next ကို နှိပ်ပြီး Get Started ကို ရွေးပါ။

၆။ နှစ်သက်ရာ Skin Tone ကို ရွေးပါ။

(Facebook နောက်ဆုံးဗားရှင်းကို Update လုပ်ထားဖို့ လိုအပ်ပါတယ်)

ပြီးရင်တော့ သင်နဲ့ တူတဲ့ မျက်နှာ အနေအထား၊ ဆံပင်ပုံစံ၊ မျက်လုံး အရောင်၊ နှုတ်ခမ်းမွှေး စတာတွေကို ရွေးချယ်ပြီး သင့်ပုံတူ Avatar ကို ဖန်တီးနိုင်ပါပြီ။

Create your own Avatar on Facebook by following these steps - Somag News

အသုံးပြုနည်း

Avatar ဖန်တီးပြီးရင် သင့် Profile Picture အဖြစ် ဖန်တီးနိုင်သလို Comment နဲ့ Messages တွေမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Comment မှာ သုံးချင်ရင် ထုံးစံအတိုင်း အီမိုဂျီ အိုင်ကွန်ကို နှိပ်ပြီး သင့် Avatar ကို ရွေးချယ်ပေးလိုက်ရုံပါပဲ။

Ref : tech-recipes