iPhone User တွေအတွက် Duplicate Contact တွေကို ဖျက်ရတာ မလွယ်ပါဘူး။ iOS မှာ အီးမေးမှာလို Contact ကို Swipe လုပ်ပြီး ဖျက်လို့ မရပါဘူး။ ဖျက်ချင်တဲ့ Contact ကို နှိပ်၊ Edit ကို နှိပ်ပြီး အောက်ဆင်းကာ Delete Contact ကို နှိပ်ရတာပါ။ ဒါ့အပြင် Confirm လည်း လုပ်ရပါသေးတယ်။ Contact များစွာထဲမှာ Duplicate Contact တွေကို ရှာရတာလည်း မလွယ်ပါဘူး။

Remove Duplicate Contacts on iPhone or iPad in 8 Quick Steps

ဒါပေမယ့် သင့်မှာ Mac ကွန်ပြူတာ ၁ လုံးရှိရင် Duplicate Contact တွေကို လွယ်ကူလျှင်မြန်စွာ ဖျက်နိုင်တဲ့ နည်းလမ်း ရှိပါတယ်။

How to delete duplicate contacts on your iPhone once and for all (with some  help from a Mac) - CNET

၁။ iCloud Contact တွေကို သင့် Mac နဲ့ Sync လုပ်ထားရမှာပါ။ ဒီလိုလုပ်ဖို့အတွက် Screen ရဲ့ ဘယ်ဘက်အထက်က Apple Logo ကို နှိပ်ပြီး System Preferences ထဲသွားပါ။ Apps on this Mac using iCloud အောက်မှာ Contacts ကို Check လုပ်ထားပါ။ ပြီးရင် Settings ထဲက ထွက်နိုင်ပါပြီ။

၂။ Mac ရဲ့ Contacts App ထဲသွားပါ။

၃။ အဲဒီမှာ နာမည် ၊ ဖုန်းနံပါတ်နဲ့ လိပ်စာတွေကို မြင်ရမှာ ဖြစ်ပြီး Duplicate Contact စာရင်းကို မြင်ရဖို့ Card ထဲက Look for Duplicates ကို ရွေးပါ။

၄။ ခဏစောင့်ပြီးရင် Duplicate Contact စာရင်းထွက်လာမှာဖြစ်ပြီး Merge လုပ်မလားဆိုတဲ့ Option ကို ပြသမှာပါ။ အဲဒီ Option ကို ရွေးပေးလိုက်ရင် Duplicate Contact တွေကို အလိုလို ဖျက်ပေးမှာ ဖြစ်ပါတယ်။

ဒါဆိုရင်တော့ သင့် iPhone မှာ Duplicate Contact တွေ ကင်းစင်သွားပြီ ဖြစ်ပါတယ်။ ဒီနည်းလမ်းက Duplicate Contact တွေကို ကိုယ်တိုင် လိုက်ရှာပြီး ဖျက်စရာ မလိုဘဲ အလိုလို ဖျက်ပေးတဲ့အတွက် အရမ်းကို အသုံးဝင်ပါတယ်။

Ref : cnet