လက်ရှိအချိန်မှာတော့ Telegram ဟာ မြန်မာနိုင်ငံနဲ့ မစိမ်းတော့တဲ့ Messaging App တစ်ခုဖြစ်လာပါပြီ။ အထူးသဖြင့် Telegram channel တွေက မြန်မာ Telegram user တွေကြားမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြတယ်လို့ ဆိုနိုင်ပါတယ်။

Telegram Channel တွေဟာ Audience အရေအတွက်နဲ့ပတ်သက်ပြီး ကန့်သတ်ချက်မရှိပါဘူး။ အခမဲ့ Messenger ကို ဖန်တီးဖို့ ရည်ရွယ်ထားတဲ့ Telegram ဟာ အသုံးပြုသူရဲ့လုံခြုံရေးကိုတော့ ဂရုစိုက်ထားတာလည်း တွေ့မြင်နိုင်ပါတယ်။ ဒါ့အပြင် Cloud-based messenger ဟာ Sync အမြဲပြုလုပ်ပေးနေပါတယ်။

ဒီအတွက်ရလဒ်ကတော့ အသုံးပြုသူအနေနဲ့ စမတ်ဖုန်းတင်သာမက၊ တက်ဘလက်၊ ကွန်ပျူတာတို့ကပါ အချက်အလက်တွေကို ရယူနိုင်ပြီး 1.5GB အရွယ်အစားရှိတဲ့ ဖိုင်တွေ၊ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေကိုလည်း မျှဝေနိုင်တာ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေအားလုံးကို အသုံးပြုသူရဲ့ Device မှာ သိမ်းဆည်းထားနိုင်တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် Telegram ရဲ့ Automatic Media Download ကို မကြိုက်နှစ်သက်သူတွေလည်း ရှိမယ်ထင်ပါတယ်။ အလိုအလျောက် Download ဆွဲလိုက်တာကြောင့် မလိုအပ်ဘဲ Storage ကိုသုံးလိုက်ရတဲ့အပြင် မလိုချင်တဲ့အချက်အလက်တွေကို လိုက်ဖျက်နေရတာလည်း အလုပ်ပိုတစ်ခုလို ဖြစ်လာတတ်ပါတယ်။
ဒီပြဿနာအတွက် အလွယ်ကူဆုံးဖြေရှင်းနည်းကတော့ Telegram ရဲ့ Automatic Media Download ကို ပိတ်ထားလိုက်တာပါပဲ။ ဒီအတွက် အဆင့် ၃ ဆင့်ပဲ လုပ်စရာလိုပါတယ်။

အဆင့် ၁ –Telegram ရဲ့ “Settings” panel ထဲကိုဝင်ပါ။
အဆင့် ၂ –Settings panel ထဲက “Data and Storage” ဆီကိုသွားပါ။
အဆင့် ၃ – ဒီထဲကမှ “When using mobile data”, “When connected on Wi-Fi” နဲ့ “When roaming” တို့ကို ပိတ်လိုက်ရင် ရပါပြီ။

Ref: Telegram