Android App များစွာမှာ In-app Browser တွေ ထည့်သွင်းပေးထားကြပြီး ဝက်ဘ်ဆိုက်တွေ ကြည့်ရင် ပိုမိုမြန်ဆန်အောင် ပြုလုပ်ပေးထားကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် In-app Browser မှာ အောက်ပါ အားနည်းချက်တွေရှိနေပါတယ်။

  • Tab များစွာကို ဖွင့်လို့ မရခြင်း။
  • URL ရိုက်ထည့်လို့ မရခြင်း။
  • Chrome လို External Browser နဲ့ ကြည့်ချင်ရင် Menu ခလုတ်ကို နှိပ်ပြီး ‘Open in Chrome’ ကို နှိပ်ရခြင်း။

Gmail will now let you edit Office documents directly from email  attachments - The Verge

ကံကောင်းတာက Android App တွေမှာ In-app Browser ကို ပိတ်ထားလို့ရအောင် ပြုလုပ်ပေးထားကြပါတယ်။ ဒီဆောင်းပါးမှာ In-app Browser ကို Gmail App (Android) မှာ ပိတ်နည်းကို ပြောပြချင်ပါတယ်။

  1. သင့် Android Device မှ Gmail App ကို ဖွင့်ပါ။
  2. ဘယ်ဘက်အထက်က Humburger Icon ကို နှိပ်ပါ။
  3. Side-menu ကနေ Settings > General Settings ကို ဖွင့်ပါ။
  4. “Open web links in Gmail” မှာ Uncheck လုပ်ပါ။

ဒါဆိုရင် Gmail မှ Link ၁ ခုကို နှိပ်ရင် External Browser နဲ့ ဖွင့်ပေးမှာ ဖြစ်ပါတယ်။

Ref : tnw