Content Creator တွေအတွက် အရည်အသွေး မြင့်တဲ့ YouTube Thumbnail Images တွေကို ရယူဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် အရည်အသွေးမြင့် YouTube Thumbnail Images တွေကို ရယူဖို့ နည်းလမ်း ၁ ခုရှိပါတယ်။ Download လုပ်ရတာ လွယ်သလို ၊ အခမဲ့ အသုံးပြုနိုင်ပြီး လုပ်ဆောင်ရတာလည်း စက္ကန့်ပိုင်းပဲ ကြာပါတယ်။

YouTube မှာ Thumbnail ကို လွယ်လွယ်ကူကူ မရတဲ့ အကြောင်း

YouTube မှာ Thumbnail Image ၁ ခုအပေါ် Cursor ချကြည့်ရင် Preview Video ကို အလိုလို ပြသပေးပါတယ်။ အဲဒီအတွက် Thumbnail Image ကို Download လုပ်လို့ မရပါဘူး။ Screenshot Tool ၁ ခုနဲ့ ဖမ်းယူရင်လည်း Resolution က နိမ့်ပါတယ်။ YouTube ဟာ Video တွေက Thumbnail Images တွေကို Download ပြုလုပ်နိုင်တဲ့ နည်းလမ်းကို မပံ့ပိုးပေးထားပါဘူး။

YouTube Thumbnail Images ကို Download ပြုလုပ်နည်း

YouTube Video တိုင်းမှာ မတူညီတဲ့ URL တွေ ပိုင်ဆိုင်ကြပြီး အဲဒီမှာ Video ID ပါပါတယ်။ Video ID ကို URL ရဲ့ နောက်ဆုံးမှာ ထည့်သွင်းထားပြီး စာလုံး ၁၁ ခု ပါပါတယ်။

ဥပမာ အနေနဲ့ www.youtube.com/watch?v=fyhoiuHesTF မှာ Video ID က fyhoiuHesTF ဖြစ်ပါတယ်။

အဲဒီ Video ID ကို Copy ကူးပြီး အောက်ပါ URL မှာ ထည့်သွင်းပေးပါ။

img.youtube.com/vi/[VideoID]/maxresdefault.jpg

အဲဒီနောက် Enter ခေါက်လိုက်ရင် Resolution မြင့်တဲ့ Thumbnail Image ကို ပြသပေးမှာပါ။ Right Click နှိပ်ပြီး သင့် ကွန်ပြူတာမှာ Image ကို သိမ်းဆည်းနိုင်ပါတယ်။

Ref : makeuseof