WhatsApp Chat မှာ Message , Photo နဲ့ Link တွေကို Scroll လုပ်ပြီး ရှာရတာ ခက်သလို အချိန်လည်း ကုန်ပါတယ်။ အဲဒီအစား စက္ကန့်ပိုင်းအတွင်း ရှာဖွေနိုင်တဲ့ Search Tool အကြောင်း ပြောပြချင်ပါတယ်။

Text ကို ရှာဖွေနည်း

WhatsApp Chat မှာ စကားလုံး သို့မဟုတ် စာကြောင်း တစ်ခုကို ရှာချင်ရင် အလွယ်ဆုံး နည်းက In-chat Search လုပ်ဆောင်ချက်ကို သုံးတာပါ။

အရင်ဆုံး သင်ရှာချင်တဲ့ Chat ကို ဖွင့်ပြီး ညာဘက်အထက်က အစက်သုံးစက် ပါတဲ့ အိုင်ကွန်ကို နှိပ်ပါ။ အဲဒီကနေ Search ကို ရွေးချယ်ပြီး သင်ရှာချင်တဲ့ စာသားကို ရိုက်ပါ။

Result များစွာ ပေါ်လာရင် Search Bar ညာဘက်က Up & Down Arrow ကို နှိပ်ပြီး သင်အလိုရှိရာကို ရှာပါ။

Media, Docs နဲ့ Link တွေကို ရှာဖွေနည်း

In-chat Search လုပ်ဆောင်ချက်က Text တွေကို ရှာရတာ အဆင်ပြေပေမယ့် Media , Document နဲ့ Link တွေကို ရှာရတာ မလွယ်ကူပါဘူး။ အဲဒါတွေကို ရှာချင်ရင် Chat တစ်ခုထဲသွားပြီး ညာဘက်အထက်က အစက်သုံးစက် အိုင်ကွန်ကို နှိပ်ပါ။ Search အစား Media, Links and Docs ကို နှိပ်ပြီး အဲဒီကနေ Image, Video , Link နဲ့ Document တွေ အားလုံးကို ရှာနိုင်ပါတယ်။

WhatsApp Chat အားလုံးမှာ ရှာဖွေနည်း

သင်ဟာ WhatsApp Group များစွာမှာ ပါဝင်ထားပြီး ရှာဖွေရမယ့် Chat ကို သေချာ မသိရင်လည်း Chat အားလုံးမှာ ရှာဖွေနိုင်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် WhatsApp App ကို ဖွင့်ပြီး ညာဘက်အထက်က Search အိုင်ကွန်ကို နှိပ်ပါ။ အဲဒီကနေ Text တွေရိုက်ပြီး ရှာနိုင်သလို Media Type နဲ့ Filter လုပ်ကာ ရှာနိုင်ပါတယ်။ Image နဲ့ Video တွေကို ရှာနိုင်သလို Link , GIF , Audio နဲ့ Document တွေကိုပါ ရှာနိုင်ပါတယ်။

Ref : makeuseof