[Zawgyi]





Ref: Chrome

[Unicode]

Chrome Browser မှာ Dark Mode ရအောင် ဘယ်လိုလုပ်မလဲ

ပြီးခဲ့တဲ့ တစ်ပါတ်က Google ဟာ Chrome Browser အတွက် Update ကို ကြေညာခဲ့ပါတယ်။ Chrome 73 ဟာ Windows, Mac, Linux စတဲ့ Platforms မှာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ Update ကတော့ သာမန် Security fixes, system-level changes တွေနဲ့ Developers တွေအတွက် Tools အသစ်တွေ ထည့်ပေးခဲ့တာပါ။

Chrome 73 မှာ သာမန်အသုံးပြုသူတွေအတွက် Features သစ်အချို့ လည်းပါဝင်လာခဲ့ပါတယ်။ ဒါပေမယ့် အသုံးပြုသူအတော်များများက တောင်းဆိုနေခဲ့ကြတဲ့ Dark Mode တော့ မပါလာသေးဘူးလို့ ဆိုရမှာပါ။ အခုထိ စမ်းသပ်ကြည့်သမျှ Windows 10 1809 build မှာ Windows color setting နဲ့ Synchronization လုပ်လို့ မရသေးတဲ့အခြေအနေပါ။ အချို့ကတော့ Windows 10 Insider မှာ Synchronization လုပ်လို့ရတယ်လို့တော့ ဆိုကြပါတယ်။

ဒါပေမယ့် Chrome 73 မှာ Dark Mode သုံးလို့ကောင်းတဲ့ Extension အသစ် လေး တစ်ခုတော့ ရှိပါတယ်။ Dark Mode လို့ အမည်ရတဲ့ ဒီ Extension လေးကို Chrome Web Store ကနေ အလွယ်တကူ ရယူနိုင်ပါတယ်။ (Chrome အတွက်ဆို ဒီကိုသွားပြီးယူပါ) အရင်တုန်းကတည်းက ရှိနေတဲ့ Dark Reader, Super Dark Mode, Dark Mode for Chrome စတာတွေကို အသုံးပြုနိုင်တယ်ဆိုပေမယ့် Dark Mode ကတော့ အသုံးပြုရတာ ပိုလွယ်ကူပြီး ပိုကောင်းတယ်လို့ပဲ ဆိုရမှာပါ။ Toolbar မှာပေါ်နေတဲ့ Button ကို ON and OFF လုပ်ပေးရုံနဲ့ အလွယ်တကူ အသုံးပြုနိုင်တာပါ။

Dark Mode ဟာ သာမန် Browser window, toolbar, settings tabs နဲ့ Google home page စတာတွေက အဖြူရောင် နဲ့ ခဲရောင်တွေကို Dark Theme အဖြစ် အရောင် အစားထိုးပေးလိုက်တာပါ။ Web page အတော်များများကိုလည်း အလိုအလျောက် Dark Theme ထောက်ပံ့ပေးပါတယ်။ ဒီ Dark Mode Extension ဟာ Chrome တင်မကဘဲ Firefox, Opera စတဲ့ Browser တွေမှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Ref: Chrome