သင့်ရဲ့ Laptop ကို Plug မတပ်ထားပဲ အပြင်မှာအသုံးပြုဖူးပါသလား? အဲ့ဒီလိုမျိုး Battery နဲ့ပဲ အသုံးပြုတဲ့အချိန်မှာ ဘာဖြစ်လို့ Battery က ၃ နာရီ ၄ နာရီနဲ့ သေသွားတယ်ဆိုတာကို တွေးကြည့်ဖူးပါသလား?

Windows ပဲဖြစ်ဖြစ်၊ MacBook Display ပဲဖြစ်ဖြစ် Laptop Battery အကုန်မြန်တဲ့ အဓိကအကြောင်းအရင်းက Display ကြောင့်ပဲဖြစ်ပါတယ်။ Laptop ထဲမှာပါဝင်တဲ့ Processor နဲ့ Hard Disk အစရှိတဲ့ အစိတ်အပိုင်းတွေကလည်း အရေးကြီးပေမယ့် အဓိကကိုပြောပါဆိုရင်တော့ Display ပဲဖြစ်မှာပါ။

အဲ့ဒီအတွက် အပြင်မှာအသုံးပြုရပြီဆိုရင် အမြင့်ဆုံး Brightness Level ကို 100% မှာ မထားပဲနဲ့ 50% ဝန်းကျင်မှာပဲ အသုံးပြုတာက Battery Life ၂ ဆနီးပါး ပိုထွက်လာစေပါလိမ့်မယ်။

နောက်တစ်ခုက Battery အား 30% ဒါမှမဟုတ် 40% အောက် ရောက်ပြီဆိုရင် Battery Saver Function ကို ဖွင့်ပြီး အသုံးပြုပါ။ ပုံမှန်အားဖြင့် Battery Saver ဟာ 20% အောက်ရောက်ရင် အလိုအလျောက်ပွင့်တယ်ဆိုပေမယ့် 30% နဲ့ 40% မှာထဲက ဖွင့်ထားတာက ပိုပြီး Battery သက်တမ်းကို ဆွဲဆန့်နိုင်မှာပါ။

နောက်ထပ် Battery ကို သာမန်ထက် စားစေတာကတော့ Keyboard Backlighting ပါ။ တကယ်လို့ ကိုယ်အသုံးပြုနေတဲ့ Laptop ရဲ့ Keyboard က Backlighting စနစ်ပါဝင်တယ်ဆိုရင်လည်း အပြင်မှာ Battery နဲ့ အသုံးပြုနေတယ်ဆိုရင်တော့ ပိတ်ထားလိုက်ပါ။

Wi-Fi နဲ့ Bluetooth လိုမျိုး Wireless စနစ်တွေကို မသုံးနေရင် လုံးဝပိတ်ထားလိုက်ပါ။

Windows Laptop အများစုဟာ ကိုယ်သုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ Wi-Fi နဲ့ Bluetooth တို့က အလိုအလျောက်ပွင့်နေပြီးတော့ Network တွေကို အမြဲတမ်းရှာဖွေနေတတ်ကြပါတယ်။ အဲ့ဒီအတွက် Battery ကလည်း ပိုပြီးစားနေမှာဖြစ်ပြီးတော့ မသုံးတဲ့အချိန်မှာ လုံးဝပိတ်ထားတာက အကောင်းဆုံးဖြစ်မှာပါ။