YouTube မှာ Video တွေကို နှစ်သက်သလို ကြည့်နိုင်ဖို့ Control နဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းပေးထားပါတယ်။ အဲဒီအထဲက လူသုံးအများဆုံးက Double-tap to seek ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်က Video Player ရဲ့ ဘယ်ဘက် သို့မဟုတ် ညာဘက်ကို ၂ ချက် ဆက်တိုက်နှိပ်ရင် ၁၀ စက္ကန့် နောက်ပြန်ရစ်ပေး၊ ကျော်ပေးတာပါ။

YouTube Video တွေမှာ Intro တွေ ပါလာတတ်ကြပြီး အဲဒါကို ကျော်ကြည့်ချင်ရင် Video Player ရဲ့ ညာဘက်ကို ၂ ချက်ဆက်တိုက်နှိပ်နိုင်ပါတယ်။ ဒါပေမယ့် ၁၀ စက္ကန့်ပဲ ကျော်ပေးမှာ ဖြစ်ပြီး ဒီထက်အများကြီး ကျော်ချင်ရင် အောက်ပါ နည်းလမ်းကို အသုံးပြုပါ။

၁။ Android or iOS Device က YouTube App ကို ဖွင့်ပါ။

၂။ ညာဘက်ထိပ်က သင့် ပရိုဖိုင် ဓါတ်ပုံကို နှိပ်ပါ။

၃။ Settings> General ထဲသွားပါ။

၄။ Double-tap to seek ကို နှိပ်ပြီး သင် နှစ်သက်တဲ့ စက္ကန့်ကို ရွေးပေးပါ။

အများဆုံး ၆၀ စက္ကန့်အထိ ကျော်နိုင်၊ အရှေ့ကို ပြန်ကြည့်နိုင်ပါတယ်။

လူတွေက YouTube Video တွေကို ရည်ရွယ်ချက်များစွာနဲ့ ကြည့်ကြပါတယ်။ ဖျော်ဖြေရေးအတွက် ၊ အတတ်ပညာ အသစ် ၁ ခု သင်ဖို့အတွက်၊ သုတေသန ပြုလုပ်ဖို့အတွက် စသဖြင့် အကြောင်းအရင်းများစွာ ရှိကြပါတယ်။ Video တွေကို နှစ်သက်သလို ကြည့်နိုင်တဲ့ လုပ်ဆောင်ချက်တွေကို YouTube မှာ ထည့်သွင်းပေးထားပါတယ်။

Double-tap to seek လုပ်ဆောင်ချက်ကလည်း အဲဒီအထဲက ၁ ခု ဖြစ်ပြီး  အထူးသဖြင့် Intro တွေများပြီး ရှည်လျားတဲ့ Video တွေကို ကြည့်ရင် အရမ်းကို  အသုံးဝင်ပါတယ်။ ဒါ့အပြင် သုတေသနအတွက် ရှည်လျားတဲ့ Video တွေကို ကြည့်သူတွေအတွက် ဒီ လုပ်ဆောင်ချက်က အကူအညီများစွာ ပေးနိုင်ပါတယ်။

Ref : makeuseof