Facebook ဟာ ကမ္ဘာမှာ လူသုံးအများဆုံး လူမှုကွန်ရက် ၁ ခု ဖြစ်ပြီး ဓါတ်ပုံ၊ ဗီဒီယိုနဲ့ နေ့စဉ်ဘဝ ဖြစ်စဉ်တွေကို မျှဝေနိုင်ပါတယ်။ ဒါ့အပြင် Facebook က Story လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပြီး အဲဒီမှာလည်း ဓါတ်ပုံ၊ ဗီဒီယိုနဲ့ ပို့စ်တွေကို တင်နိုင်ပါတယ်။ Facebook က Story တွေကို ၂၄ နာရီပဲ ပြသခွင့်ပြုထားပါတယ်။ အဲဒီအတွက် Story အဟောင်းတွေကို ကြည့်ရှုနိုင်မယ့် နည်းလမ်းကို ပြောပြချင်ပါတယ်။

Facebook ဟာ သင့် Story တွေက ဓါတ်ပုံနဲ့ ဗီဒီယိုတွေကို ၂၄ နာရီပြီးနောက်မှာ Archive ထဲ ထည့်သိမ်းလိုက်ပါတယ်။ သင့် Story Archive ကို အောက်ပါ နည်းလမ်းအတိုင်း ကြည့်နိုင်ပါတယ်။

၁။ သင့် ဖုန်းမှာ Facebook App ကို ဖွင့်ပြီး Menu ကနေ Profile ထဲသွားပါ။

၂။ Edit Profile ညာဘက်ဘေးက အစက် ၃ စက် ခလုတ်ကို နှိပ်ပါ။

၃။ Profile Settings ထဲ ရောက်သွားရင် Archive ကို နှိပ်ပါ။

၄။ Story Archive ထဲသွားရင် သင့် Story အဟောင်းတွေကို ရက်စွဲနဲ့ ပြသပေးထားပါတယ်။

သင့်ရဲ့ Story Archive ကို သင်ကလွဲပြီး တခြား လူတွေက ဝင်ရောက် ကြည့်ရှုလို့ မရပါဘူး။ သင့် Story မပျောက်သွားခင်မှာ ဓါတ်ပုံ၊ ဗီဒီယိုကို ဖျက်လိုက်ရင် Archive ထဲမှာ သိမ်းပေးထားမှာ မဟုတ်တာကို သတိပြုပါ။

Ref : indiatoday