Xiaomi စမတ်ဖုန်းတွေဟာ တရုတ်နိုင်ငံက ထုတ်လုပ်ထားတာဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံမှာလည်း အသုံးပြုသူအများအပြားရှိနေဆဲဖြစ်ပါတယ်။ အဆိုပါ Xiaomi ဖုန်းတွေဟာ Android ကို အခြေခံထားတဲ့ MIUI ကို အသုံးပြုထားတာဖြစ်ပြီး Feature အများအပြားပါဝင်တဲ့အတွက် လူကြိုက်များနေကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း MIUI ဟာ တခြားသော Android UI တွေနဲ့ ယှဥ်မယ်ဆိုရင် Error နဲ့ Bugs တွေလည်း အများအပြားရှိနေတာဖြစ်ပါတယ်။ အဲ့ဒီထဲက တစ်ခုကတော့ Application တွေရဲ့ Notification တွေကို ချက်ချင်းမရရှိတဲ့ ပြဿနာပဲဖြစ်ပါတယ်။

အခု Article မှာတော့ ဒီလိုမျိုး Application တွေကနေ Notification တွေကို ချက်ချင်းမရရှိတဲ့ ပြဿနာကြုံတွေ့နေရပြီဆိုရင် ဘယ်လိုမျိုး ဖြေရှင်းရမလဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အရင်ဆုံး Home Screen – Settings App ကနေတစ်ဆင့် Permissions ထဲကို ဝင်ရောက်ရမှာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Autostart ကို ရွေးချယ်ပြီး ကိုယ့်အနေနဲ့ Notification ချက်ချင်းရရှိချင်တဲ့ App ကို Enable ပြုလုပ်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။

နောက်အဆင့်အနေနဲ့ကတော့ Settings – Battery & Performance ထဲကို ဝင်ရောက်ဖို့လိုအပ်မှာဖြစ်ပြီး Choose Apps ကနေတစ်ဆင့် Notification ရရှိချင်တဲ့ App ကို ရွေးချယ်ပြီး “No Restrictions” ကို ရွေးချယ်ပေးဖို့ လိုအပ်မှာပါ။

တကယ်လို့ အခုအဆင့်ပြုလုပ်ပြီးတာတောင်မှ Notification တွေကို ချက်ချင်းမရရှိသေးဘူးဆိုရင်တော့ ဖုန်းကို Restart ပြုလုပ်ကြည့်သင့်ပါတယ်။ ဒါကိုမှ အဆင်မပြေသေးရင်တော့ နောက်ပိုင်း MIUI Update တွေကိုပဲ စောင့်ဆိုင်းပြီး Update ပြုလုပ်တာက အကောင်းဆုံးဖြစ်မှာပါ။

Ref – Android Central