Google Photos မှာ အရင်က ဓါတ်ပုံ၊ ဗီဒီယိုတွေ အကန့်အသတ် မရှိ အခမဲ့ သိမ်းနိုင်တဲ့အတွက် အရမ်းကို မိုက်ပါတယ်။ ဇွန်လ ၁ ရက်နေ့က စပြီး အကန့်အသတ် မရှိ သိမ်းတာကို Google က ရပ်နားလိုက်ပါတယ်။ Google Photos, Gmail နဲ့ Drive တွေက ဒေတာတွေ အကုန်လုံးအတွက် ကုမ္ပဏီက 15GB ပေးထားပါတယ်။ အရင်က Google Photos မှာ တင်ထားတဲ့ ဒေတာ ပမာဏတွေကို ထည့်တွက်မှာ မဟုတ်ဘဲ ဇွန်လ ၁ ရက်နေ့ကစပြီး တင်တဲ့ ဒေတာတွေကို အဲဒီ 15GB ထဲ ထည့်တွက်မှာပါ။

အဲဒီအတွက် မလိုအပ်တဲ့ ၊ အရွယ်အစားကြီးမားတဲ့ ဓါတ်ပုံ၊ ဗီဒီယိုတွေကိုရှင်းလင်းဖို့ လိုအပ်လာပါပြီ။ အဲဒီလို လုပ်ဖို့ Google က Tool အသစ်တစ်ခုကို ဖန်တီးပေးထားပါတယ်။

  • သင့် Android , iOS Device က Google Photos App ကို ဖွင့်ပါ။
  • ညာဘက် အပေါ်ထိပ်က သင့် ပရိုဖိုင် ဓါတ်ပုံကို နှိပ်ပြီး Account Storage ကို နှိပ်ပါ။
  • Manage Storage Option ကို ရွေးပေးပါ။
  • အဲဒီမှာ Large Photos and Videos , Screenshots နဲ့ Blurry Photos အပါအဝင် Option များရှိပါတယ်။
  • အဲဒါတွေကို နှိပ်ပြီး မလိုအပ်တဲ့ ဓါတ်ပုံ၊ ဗီဒီယိုတွေကို ဖျက်ကာ Storage ပိုများအောင် ပြုလုပ်နိုင်ပါတယ်။

အဲဒီ Tool အသစ်မှာ Gmail နဲ့ Google Drive က မလိုအပ်တဲ့ ဒေတာတွေကို ဖျက်ပေးတဲ့ လုပ်ဆောင်ချက်လည်း ပါပါတယ်။

Ref : thenextweb