Google က မကြာခင်ကပဲ Android 11 ကို ကြေညာလိုက်ပြီး လက်ရှိမှာ Pixel ဖုန်းတွေနဲ့ တခြား ကုမ္ပဏီတွေရဲ့ ဖုန်း အနည်းငယ်မှာပဲ ရပါသေးတယ်။ ထုံးစံအတိုင်း စွမ်းရည်မြင့် ဖုန်းတွေအတွက်ပဲ Android Update တွေ စောစောရမှာဖြစ်ပြီး ဖုန်းအဟောင်းတွေမှာ မရဖို့များပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာတော့ မလိုပါဘူး။ Android 11 ရဲ့ Features (လုပ်ဆောင်ချက်)တွေကို သင့်ဖုန်းမှာ သုံးလို့ရအောင် ကူညီပေးမယ့် Thrid-party App တွေ ရှိနေပါတယ်။

  1. One-time App Permissions

Android 11 ရဲ့ အမိုက်စား လုပ်ဆောင်ချက် ၁ ခုက One-time App Permission ဖြစ်ပြီး Permission တချို့ကို ယာယီပေးထားလို့ရတာပါ။ အဲဒီလို လုပ်ဆောင်ချက်ကို သင့်ဖုန်းမှာ သုံးချင်ရင် Bouncer App ကို အင်စတောလုပ်လိုက်ရုံပါပဲ။

Download

  1. Notification History

Android 11 မှာ Status Bar ကနေ ဖျက်လိုက်မိတဲ့ Notification တွေကို ၂၄ နာရီအတွင်း ပြန်ကြည့်နိုင်တဲ့ Notification History ပါလာပါတယ်။ Notification History Log ဆိုတဲ့ Android App ကို ထည့်လိုက်ရင်တော့ အဲဒီ လုပ်ဆောင်ချက်မျိုးကို သင့်ဖုန်းမှာ သုံးနိုင်ပါပြီ။

Download

  1. Record Screen

Screen Recording လုပ်ဆောင်ချက်ဟာ နောက်ဆုံးတော့ Android 11 မှာ ပါလာပါပြီ။ ဒါပေမယ့် Screen Recording လုပ်ပေးတဲ့ App တွေဟာ Play Store မှာ ဟိုးအရင်ကတည်းက ရှိနေပြီးသားပါ။ အဲဒီထဲကမှ ကြော်ငြာတွေ မပါဘဲ အခမဲ့ သုံးနိုင်တဲ့ Screen Recorder (No Ads) ကို ညွှန်းပေးချင်ပါတယ်။
Download

  1. Chat Bubbles

Facebook Messenger သုံးသူတွေအတွက် Chat Bubbles သဘောတရားကို သိကြမှာပါ။ Android 11 မှာ Messenger တွေက Conversation တွေကို Floating Bubble နဲ့ ပြသပေးတဲ့ လုပ်ဆောင်ချက် ပါလာပါတယ်။ အဲဒီလို လုပ်ဆောင်ချက်မျိုးကို သုံးချင်ရင် Direct Chat ဆိုတဲ့ App ကို သုံးနိုင်ပါတယ်။

Download

  1. Dark Mode Schedules

Android 11 မှာ Dark Mode ကို Schedule လုပ်နိုင်လာပါတယ်။ ညဘက်မှာ Dark Mode ၊ နေ့ဘက်မှာ Light Mode အလိုလို ပြောင်းပေးတဲ့အတွက် အဆင်ပြေပါတယ်။ အဲဒီလို လုပ်ဆောင်ချက်ကို သင့် ဖုန်းမှာ သုံးချင်ရင် Dark Mode App ကို အင်စတောလုပ်နိုင်ပါတယ်။ Third-party App တွေကိုတောင် Dark Mode ပြောင်းအောင် Force လုပ်ပေးနိုင်တဲ့အတွက် တော်တော် မိုက်ပါတယ်။

Download

Ref : techviral