Zawgyi

အခုအချိန်မှာ စမတ်ဖုန်းတွေပဲဖြစ်ဖြစ် Android နဲ့ iOS လိုမျိုး Operating System တွေပဲဖြစ်ဖြစ် Dark Mode ကို မရရအောင် ပြုလုပ်နေကြတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Android မှာလည်း Google Chrome Browser ကို အသုံးပြုနေတယ်ဆိုရင် ဘယ်လိုမျိုး Dark Mode ရရှိအောင် ဆောင်ရွက်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

တစ်ခုသိထားရမှာက Google ကနေ Chrome Browser မှာ Official အနေနဲ့ Dark Mode ကိုပေးထားသေးတာမဟုတ်သေးတဲ့အတွက် အခု နည်းစနစ်က တစ်ချို့သော Website တွေမှာတော့ အနည်းငယ်လွဲမှားနေနိုင်ပါတယ်။ ဒါပေမယ့်လည်း ညဘက် Website တွေကြည့်တတ်တဲ့သူတွေအတွက်ကတော့ ဒီနည်းလမ်းလေးက အသုံးဝင်မယ်လို့ ယူဆမိပါတယ်။

အရင်ဆုံးအနေနဲ့ Chrome Browser ရဲ့ Address Bar မှာ “chrome://flags” လို့ ရိုက်ပြီး Experimental Browser Features တွေထဲကို ဝင်ရပါမယ်။

အဲ့ဒီနောက်မှာတော့ “Dark Mode” လို့ ရိုက်ရှာလိုက်ရမှာဖြစ်ပါတယ်။

အဲ့ဒီလိုရှာလိုက်တာတဲ့အပေါ်ဆုံးမှာ “Android Chrome UI dark mode” နဲ့ “Android web contents dark mode” ဆိုပြီး စာတန်း ၂ ခုကို မြင်ရမှာဖြစ်ပါတယ်။

အဆိုပါ စာတန်း ၂ ခုစလုံးမှာ အောက်နားက Dropdown Option မှာ Default အစား Enabled ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ အခုလိုမျိုး Enabled ပြုလုပ်ပေးပြီးတာနဲ့ Chrome Browser ကို ပြန်ထွက်ပြီး ပြန်ဝင်လိုက်ရင် Dark Mode နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တစ်ခါတလေမှာ အောက်နားမှာ Relaunch Now ဆိုတဲ့ Option ပေါ်လာတယ်ဆိုရင်လည်း အဆိုပါ Option ကို နှိပ်လိုက်တာနဲ့ Dark Mode ဖြစ်သွားမှာပါ။

ဘာပဲဖြစ်ဖြစ် အခုဒီနည်းလမ်းလေးက Google ကိုယ်တိုင်က Official Dark Mode မထုတ်သေးခင် စမ်းသုံးကြည့်ချင်တယ်ဆိုရင် အဆင်ပြေမှာပါ။

Ref – Phone Arena

Unicode