Google ဟာ Hangouts Meet ကို ဆန်းသစ်ထားတဲ့ Google Meet ကို ၂၀၂၀ ခုနှစ် ဧပြီလမှာ ဖြန့်ချိပေးခဲ့ပြီး Google အကောင့် ရှိသူတိုင်း အသုံးပြုနိုင်ပါတယ်။ Gmail App တွေကနေ Google Meet ကို လွယ်ကူလျှင်မြန်စွာ အသုံးပြုလို့ရအောင်လည်း ပြုလုပ်ပေးထားပါတယ်။  သင်ဟာ Google Meet ကို အသုံးမပြုတဲ့ သူဆိုရင် Gmail Desktop App , Android App နဲ့ iOS App မှာ Hide လုပ်ထားလို့ရပါတယ်။

Desktop

You can hide the Meet buttons from your Gmail.

  • PC ကနေ mail.google.com ကို သွားပါ။
  • ညာဘက်အထက်က စက်သွားပုံ Icon ကိုနှိပ်ပြီး “See all settings” ထဲသွားပါ။
  • “Chat and Meet” Tab ကို နှိပ်ပါ။
  • “Meet” Label ဘေးက “Hide the Meet section in the main menu” ကို ရွေးချယ်ပေးပါ။
  • “Save changes” ကို နှိပ်ပါ။

ဒါဆိုရင် Gmail Desktop App မှာ Meet Shortcut ကို ဖျောက်ပေးလိုက်ပြီ ဖြစ်ပြီး Meet ကို သုံးချင်ရင် meet.google.com ကို သွားနိုင်ပါတယ်။

Android/iOS

  • Gmail App ရဲ့ ဘယ်ဘက်အထက်က Hamburger Icon ကို နှိပ်ပြီး Settings ထဲသွားပါ။
  • “Meet” Category ထဲသွားပြီး “Show the Meet tab for video calling” မှာ Uncheck လုပ်ပါ။

ဒါဆိုရင် Gmail App မှာ Meet Tab ကို ဖျောက်ပေးလိုက်ပြီ ဖြစ်တဲ့အတွက် အမြင်ရှင်းလင်းသွားမှာပါ။

Ref : theverge