ကိုယ့်ဖုန်းကို အမေက ခဏငှားသုံးတဲ့အခါမှာ ကိုယ်မမြင်စေချင်တဲ့ ဓာတ်ပုံတွေကို မမြင်အောင် ဘယ်လိုလုပ်မလဲ။ ကိုယ့်ဖုန်းပျောက်သွားတဲ့အခါ ဖုန်းထဲက ဓာတ်ပုံတွေကို တခြားသူတွေ အလွယ်တကူ အလွဲသုံးစားလုပ်လို့မရအောင် ဘယ်လိုလုပ်မလဲ။

Android ဖုန်းတွေမှာ ဓာတ်ပုံတွေကို သိမ်းထားလို့ရအောင် လုပ်နိုင်တဲ့ နည်းလမ်းလေးတွေကို ဝေမျှ ပေးပါမယ်။

Keep Safe App က အရေးတကြီး ဓာတ်ပုံတွေကို လုံခြုံစွာ သိမ်းပေးထားနိုင်တဲ့နေရာမှာ နာမည်ကြီးတဲ့ App တမျိုးပါ။ အဲ့ App ထဲကို ၀င်တိုင်း ကိုယ့် ပုဂ္ဂိုလ်ရေး အချက်အလက် PIN တစ်ခုခုပေးပြီးမှန်မှသာ ၀င်လို့ရမှာဖြစ်ပါတယ်။ အဲ့ဒီအပြင် ကိုယ့်ဓာတ်ပုံတွေကို ကိုယ့်ပုဂ္ဂိုလ်ရေးဖိုင်တွေကို Cloud ထဲမှာ မှတ်ချင်ရင်လည်း မှတ်ထားလို့ရအောင် လည်း လုပ်ဆောင်ပေးပြန်ပါတယ်။ Cloud ထဲမှာ မှတ်ထားရင်တော့ ကိုယ့်ဖုန်းပျက်သွားတဲ့အခါမှာတော့ အရေးကြီး ဓာတ်ပုံတွေကို Cloud ထဲကနေ ပြန်ယူလို့ရပါတယ်။

Keep Safe App ကို အခမဲ့ ဒေါင်းလုပ်ခ်လုပ်ပြီး သုံးနိုင်သလို Premium Version လိုချင်ရင်တော့ တစ်လကို ၄.၉၉ ဒေါ်လာ ပေးရမှာဖြစ်ပါတယ်။ ဒါပေမယ့် Premium Version မှာဆိုရင် လုံခြုံရေးစနစ်တွေပိုအားကောင်းမှာဖြစ်ပါတယ်။ တစ်ယောက်ယောက်က ကိုယ့်ဖိုင်ကို ခိုးဝင်လို့ရှိရင် ကိုယ့်ဆီကို အချက်ပေးတဲ့ စနစ် စတာတွေပါဝင်မှာဖြစ်ပါတယ်။

Google Play Store ကနေ Keep Safe App ကို ဒေါင်းလုပ် ရယူလိုက်ပါ။ Keep Safe App ကို အသုံးပြုဖို့ အဆင့်သင့်ဖြစ်အောင် သူညွှန်ကြားတဲ့အချက်တွေဖြစ်တဲ့ PIN လုပ်တာတို့ကို လုပ်ဆောင်ပါ။

အားလုံးအဆင်သင့်ဖြစ်ရင် Keep Safe ကိုပြန်ဖွင့်ပါ။ အောက်ခြေညာဘက်မှာ “Add Picture”ဆိုတဲ့ ဓာတ်ပုံထည့်သွင်းလို့ရတဲ့ Option လေးကို နှိပ်လိုက်ပါ။ ကိုယ်လိုချင်တဲ့ ဓာတ်ပုံတွေကို ရှာဖို့ browser ကို နှိပ်ပြီး ထည့်ပါ။

ကိုယ့်ဖုန်း Gallery ကနေလည်း ဓာတ်ပုံကို ကိုထောက်ပြီး Share ခလုတ်ကိုနှိပ်ပြီး Keep Safe ကို နှိပ်လိုက်ရင်လည်း Gallery ကနေ ဓာတ်ပုံပျောက်သွားပြီး Keep Safe ထဲမှာ သိမ်းထားပါလိမ့်မယ်။