Google ရဲ့ Gmail Service ဟာ လက်ရှိအချိန်မှာ လူသုံးအများဆုံး Email Service တစ်ခုလို့ ပြောရင်လည်းမမှားပါဘူး။ အခု Article မှာတော့ Gmail ကို သုံးပြီး အလုပ်လုပ်နေရတဲ့သူတွေတိုင်း သိထားသင့်တဲ့အချက်လေးတစ်ခုကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။


ဒါကတော့ Gmail ကနေ Email ပို့လိုက်ရင် Unsend ပြန်လည်ပြုလုပ်နိုင်တဲ့ အချိန်ကို တိုးမြှင့်နိုင်မယ့် နည်းလမ်းပဲဖြစ်ပါတယ်။ Google ဟာ Mail မှားပို့မိတဲ့သူတွေအတွက် Unsend ပြုလုပ်နိုင်တဲ့အချိန်ကို ကန့်သတ်ထားပြီး ပုံမှန်အားဖြင့် ၅ စက္ကန့်အတွင်း Unsend ပြုလုပ်နိုင်မှ အဆင်ပြေတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် Unsend ပြုလုပ်နိုင်မယ့်အချိန်ကို တိုးမြှင့်ချင်တယ်ဆိုရင် အရင်ဆုံး Settings – See All Settings ကို နှိပ်ပြီး Settings Page ထဲကို ဝင်ရောက်ရမှာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ “General” Tab အောက်မှာရှိတဲ့ “Undo Send” ကို လိုက်ရှာပြီး “5” ၊ “10” ၊ “20” နဲ့ “30” Seconds ရှိတဲ့အထဲက “30 Seconds” ကို ပြောင်းလဲရမှာဖြစ်ပါတယ်။

ပြောင်းလဲပြီးသွားပြီဆိုရင်တော့ Settings Page ရဲ့ အောက်ဆုံးမှာ “Save Changes” ကို နှိပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

အခုလိုမျိုး စက္ကန့် ၃၀ အထိ Unsend ပြုလုပ်နိုင်တဲ့အချိန်ကို တိုးပြီးသွားပြီဆိုရင် Mail ပို့လိုက်တဲ့အချိန်မှာ Screen ရဲ့ ဘယ်ဘက်ထောင့်အောက်ခြေမှာ စက္ကန့် ၃၀ အတွင်း Undo (Unsend) ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။


ဘာပဲဖြစ်ဖြစ် Bcc မခံမိဘဲ Email ပို့မိတာ၊ Reply All ပြုလုပ်မိတာနဲ့ Attachment ကျန်ခဲ့တာလိုမျိုး အမှားတွေပြုလုပ်မိနိုင်တဲ့အတွက် Gmail အသုံးပြုနေတယ်ဆိုရင် ယခု Settings က ကျိန်းသေပြောင်းလဲထားသင့်ပါတယ်။

Ref – The Verge