WhatsApp ဟာ စတင်နေပြီ ဖြစ်တဲ့ Group Call ကို Join နိုင်တဲ့ လုပ်ဆောင်ချက် အသစ်တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ “Joinable calls” လို့ နာမည်ပေးထားပြီး ဒီလိုလုပ်ဆောင်ချက်မျိုးကို Facebook Messenger မှာ အသုံးပြုလို့ရနေတာ ကြာပါပြီ။

WhatsApp ရဲ့ “Joinable calls” မှာ End-to-end Encrypted ကို သုံးထားတဲ့အတွက် မသမာသူတွေက ကြားဖြတ်နားထောင်လို့ မရပါဘူး။ WhatsApp က Group Call မှာ ပြောနေတဲ့ လူတွေနဲ့ မပါဝင်သေးတဲ့ လူတွေကို ပြသပေးတဲ့ Call Info Screen ကိုလည်း ထည့်သွင်းပေးထားပါတယ်။ “Joinable calls” ကို တစ်ကမ္ဘာလုံးအတွက် ဖြန့်ချိပေးလိုက်ပါပြီ။

How to join a WhatsApp call after it’s already started

Incoming WhatsApp Group Call ကို Join နည်း

၁။ Group Video Call မှာ သင့်ကို ဖိတ်ခေါ်တဲ့အခါ သင်က Notification ရမှာပါ။

၂။ သင် မ Join နိုင်သေးရင် ‘Ignore’ Button ကို နှိပ်နိုင်ပါတယ်။ Call Info Screen ကိုဖွင့်ဖို့ ‘Join’ ကို နှိပ်ပါ။

၃။ Call Menu ကနေ Group Call မှာ ပါဝင်သူတွေနဲ့ ဖိတ်ကြားသူတွေကို ကြည့်နိုင်ပါတယ်။

၄။ Video Call မှာ ပါဝင်ဖို့ ‘Join’ ကို နှိပ်ပါ။

၅။ Video Call မှာ ပါဝင်နေစဉ် Call Info Screen ကို ကြည့်ဖို့ ‘Open’ ကို နှိပ်ပါ။

၆။ ‘Add Participant’ ကို နှိပ်ပြီး တခြားလူတွေကို ဖိတ်ခေါ်နိုင်ပါတယ်။

၇။ သင်ဖိတ်ခေါ်ထားတဲ့ လူတွေဆီ Notification ပေးပို့ဖို့ ‘RING’ ကို နှိပ်ပါ။

WhatsApp's Joinable Group Calls feature launched, now video, group calls  will be even more fun | WhatsApp Rolls Out New Feature of Joinable Calls,  Allows One to Join a Group Call if

Missed Group Call ကို Join နည်း

၁။ WhatsApp ကို ဖွင့်ပြီး ‘CALLS’ Tab ကို သွားပါ။

၂။ စတင်ပြီး ဖြစ်တဲ့ Video Call မှာ ပါဝင်ဖို့ ‘Join’ ကို နှိပ်ပါ။ ဒါဆိုရင် Call Info Screen ကို ပြသပေးမှာပါ။

၃။ Call Menu ကနေ ‘Join’ ကို နှိပ်ရင် စတင်နေပြီ ဖြစ်တဲ့ Group Call မှာ သင်ပါဝင်နိုင်ပါပြီ။

ဒါဆိုရင် WhatsApp ရဲ့ လုပ်ဆောင်ချက် အသစ်ဖြစ်တဲ့ “Joinable calls” ကို စာဖတ်သူ အသုံးပြုတတ်သွားပါပြီ။

Ref : tnw