ဒီနေ့ခေတ်မှာ အလုပ်ကိစ္စတွေအတွက် အီးမေးကို အဓိက အသုံးပြုနေကြပါတယ်။ သင် ပို့လိုက်တဲ့ အီးမေးကို တစ်ဖက်လူက ဖတ်ပြီးပြီလားဆိုတာ သင် သိချင်တဲ့ အခြေအနေမျိုးတွေ ရှိမှာပါ။ Facebook Messenger နဲ့ WhatsApp တို့လို Instant Messaging App တွေမှာတော့ သင်ပို့လိုက်တဲ့ စာကို တစ်ဖက်လူက ဖတ်ပြီးရင် သင်က သိနိုင်ပါတယ်။ ဒါဟာ တော်တော်မိုက်တဲ့ လုပ်ဆောင်ချက်ပါ။ အဲဒီအတွက် သင် ပို့လိုက်တဲ့ အီးမေးကို တစ်ဖက်လူက ဖတ်ပြီးပြီလားဆိုတာ သိနိုင်တဲ့ နည်းလမ်းကို ဖော်ပြလိုက်ပါတယ်။

ဒီလို လုပ်ပေးနိုင်တဲ့ ဘရောက်စာ Extension တွေ အများကြီး ရှိပြီး သင့် အီးမေးကို Track လုပ်ပေးနိုင်ပါတယ်။ သင့် အီးမေးကို ဖွင့်ဖတ်တဲ့ အချိန်၊ ဖွင့်တဲ့ အကြိမ်အရေအတွက် စတဲ့ သတင်းအချက်အလက်တွေကို သင် သိနိုင်မှာပါ။ အခုဆောင်းပါးမှာ Google Chrome Extension ကို သုံးပြီး အီးမေးကို Track လုပ်နိုင်တဲ့ နည်းလမ်းကို ပြောပြချင်ပါတယ်။

၁။ Google Chrome ကို ဖွင့်ပါ။

၂။ Email Tracker Browser Extension ကို အင်စတောလုပ်ပါ။

Activate Email Tracker

၃။ Activate ပြုလုပ်ပါ။

၄။ အီးမေး တစ်စောင် ပို့လိုက်ပါ။

၅။ ဒါဆိုရင် အီးမေးရဲ့ အခြေအနေကို သင်သိနိုင်ပါပြီ။

Email tracking

တခြား ဘရောက်စာ Extension များ

  • Microsoft Edge အတွက်ဆိုရင် Mailcastr Email Tracker ကို သုံးနိုင်ပါတယ်။
  • Firefox အတွက်ဆိုရင် Pointofmail.com Email Tracking & Recall ကို ရွေးချယ်ပါ။
  • Opera အတွက် Chrome မှာလို Email Tracker Browser Extension ကိုပဲ သုံးနိုင်ပါတယ်။

Ref : thewindowsclub