သင့် PC ကို တခြား သူတွေကို ပေးသုံးရင် သင့် ဘရောက်စာက သတင်းအချက်အလက်တွေကို သူတို့တွေ သိသွားနိုင်ပါတယ်။ အဲဒီအတွက် သင့် ဘရောက်စာကို Password နဲ့ Lock လုပ်ထားသင့်ပါတယ်။ ဘရောက်စာ အများစုမှာ Password နဲ့ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ မထည့်သွင်းပေးထားပါဘူး။ ဒါပေမယ့်လည်း အဲဒီလို Lock လုပ်ပေးနိုင်တဲ့ ဘရောက်စာ Extension တွေ ရှိပါတယ်။ အဲဒီအထဲက Chrome , Edge , Opera တို့မှာ သုံးနိုင်တဲ့ Browser Lock Extension ကို ပြောပြချင်ပါတယ်။ အဲဒီ Extension ကို အောက်ပါ လင့်တွေကနေ အင်စတောလုပ်နိုင်ပါတယ်။

browser-lock-chrome-extension

Chrome

Edge

Opera

Extension ကို အင်စတောလုပ်ပြီးရင် Settings ကို အရင်ဆုံး Configure လုပ်ရမှာဖြစ်ပြီး ပထမဆုံး အကောင့်တစ်ခု ပြုလုပ်ရမှာပါ။ Extension Icon ကို နှိပ်ပြီး Change Settings ကို နှိပ်ပါ။ Password ၁ ခု သတ်မှတ်ပြီး သင့် အီးမေး လိပ်စာ ထည့်သွင်းပါ။ Sign Up လုပ်ပြီးရင် ဘရောက်စာက Settings ကို ပြသပေးမှာပါ။

Default အနေနဲ့ Browser Lock ကို Enable လုပ်ပေးထားပါတယ်။ Deep Security ကို Enable လုပ်ထားရင် လုံခြုံရေး ပိုကောင်းပြီး တခြား လူတွေက သင့် Password ကို ခန့်မှန်းဖို့ အချိန် ၃ မိနစ်ပဲရမှာပါ။ သင် Password မေ့သွားရင် ပြန်ဆယ်နိုင်ဖို့ Password Recovery Option ကိုလည်း အသုံးပြုသင့်ပါတယ်။

ဘရောက်စာကို Lock ပြုလုပ်နည်း

သင် Password သတ်မှတ်ပြီးရင် အောက်ပါ နည်းလမ်းအတိုင်း Lock လုပ်နိုင်ပါတယ်။

  1. Chrome Toolbar မှာ Extension ကို Pin လုပ်ပါ။
  2. Extension Icon ကို နှိပ်ပါ။
  3. Lock Browser ကို ရွေးပါ။

နောက်တစ်နည်းက Screen မှာ Right Click နှိပ်ပြီး Browser Lock အပေါ် ကာဆာချကာ Lock Browser ကို နှိပ်ပါ။

Unlock လုပ်နည်း

ဘရောက်စာကို Lock လုပ်ပြီးရင် Browser Lock က Log In ဝင်နိုင်မယ့် ဝင်းဒိုးကို ပြသပေးမှာပါ။ Unlock လုပ်ဖို့ Password ထည့်သွင်းပေးပါ။ Password မေ့နေရင် ညာဘက်အထက်က Menu Icon ကို နှိပ်ပြီး Recover လုပ်နိုင်ပါတယ်။

ဒီ Extension ရဲ့ ကောင်းတဲ့ အချက်တစ်ခုက Lock လုပ်လိုက်တဲ့ အခါမှာ ဖွင့်ထားတဲ့ Tab တွေကို သိမ်းပေးထားတာဖြစ်ပြီး Unlock လုပ်ရင် အဲဒီ Tab အားလုံးကို ပြန်သုံးနိုင်ပါတယ်။

Ref : makeuseof