ဒီနေ့ခေတ်က ကိုယ့်ရဲ့ဖြစ်တည်မှုကိုပြချင်ရင် ဆိုရှယ်မီဒီယာပေါ်မှာ ဖော်ပြနေရသလိုမျိုး ဖြစ်နေတဲ့ခေတ်ပါ။ အထူးသဖြင့် Facebook ပေါ့။ Facebook ဟာ နာမည်ပျက်စရာကိစ္စအချို့နဲ့ အငြင်းပွားစရာကိစ္စတွေရှိနေပေမဲ့လည်း လူကြိုက်အများဆုံး လူမှုကွန်ရက်တစ်ခုဖြစ်နေဆဲပါပဲ။

Statista ရဲ့ အဆိုအရ ၂၀၂၁ ခုနှစ်ရဲ့ ဒုတိယသုံးလပတ်အထိ လစဉ်အသုံးပြုသူဟာ ၂.၈၉ ဘီလီယံအထိရှိပြီး Facebook ဟာ ကမ္ဘာတစ်ဝန်းမှာ အကြီးမားဆုံးလူမှုကွန်ရက် ဖြစ်နေခဲ့ပါတယ်။ စမတ်ဖုန်း ဒါမှမဟုတ် ကွန်ပျူတာသုံးရင် Facebook သုံးဖို့အခွင့်အလမ်းပိုများတယ်လို့ ဆိုပါတယ်။

များသောအားဖြင့် အသုံးပြုသူတွေဟာ Facebook ကို Device တစ်ခုထက်ပိုပြီး Log in ဝင်ထားတတ်ကြပါတယ်။ ဒီအတွက် တစ်ခါတစ်ရံမှာ အိမ်မှာရှိနေတဲ့ Desktop ကို လှမ်းပြီး Log out လုပ်ချင်တာမျိုး၊ ဒါမှမဟုတ် တစ်နေရာမှာ ကျန်ခဲ့တဲ့ Mobile device ကို လှမ်းပြီး Log out လုပ်ချင်တာမျိုး ကြုံတွေ့ရတတ်ပါတယ်။ ဒီအတွက် နည်းလမ်းတွေက လွန်ခဲ့တဲ့နှစ်တွေကတည်းက ရရှိနေပြီဖြစ်ပေမဲ့ ထပ်ပြီးဖော်ပြပေးလိုက်ရပါတယ်။

Desktop မှာ Facebook ကို အဝေးကနေ Log out လုပ်ချင်ရင် −

၁။ Internet browser မှာ Facebook ကိုဖွင့်ပါ။
၂။ Interface ရဲ့ အပေါ်ညာဘက်ထောင့်က notification bell ဘေးက မြားပုံစံ Icon ကို နှိပ်ပါ။
၃။ Drop-down menu က Settings & Privacy ကိုရွေးပါ။
၄။ Menu မှာ Setting ကို နှိပ်ပါ။
၅။ ဘယ်ဘက် Panel က Security and Login ကိုနှိပ်ပါ။ (second option under General)
၆။ “Where you’re logged in” လို့ ဖော်ပြထားတဲ့ နေရာအထိ ဆွဲချသွားပါ။
၇။ Device တွေ အရမ်းများနေရင် See More ကို နှိပ်နိုင်ပါတယ်။
၈။ အောက်ခြေ ညာဘက်ထောင့်မှာ Sessions အားလုံးကနေ Log out လုပ်ခွင့်ကို ရွေးချယ်ဖို့ တွေ့ပါလိမ့်မယ်။
၉။ ညာဘက်က အစက်သုံးစက်ကို ရွေးပြီး (ကိုယ်မဟုတ်ခဲ့ရင်) Log out လုပ်လိုက်လို့ရပါတယ်။

Mobile app မှာ Facebook ကို အဝေးကနေ Log out လုပ်ချင်ရင် −

၁။ ဖုန်းက Facebook app ကိုဖွင့်ပါ။
၂။ iPhone မှာဆိုရင်တော့ ညာဘက်အောက်ခြေက Menu icon ကိုနှိပ်ပါ။
၃။ Android သုံးနေတာဆိုရင်တော့ ညာဘက်အပေါ်ထောင့်မှာ ရှိပါတယ်။
၄။ Gear icon (Settings) ကိုရွေးပါ။
၅။ Password and Security option ကို ရွေးနှိပ်ပါ။
၆။ “Where you’re logged in” ဆိုတဲ့နေရာရောက်အောင် ဆွဲချသွားပါ။
၇။ စာရင်းမှာမြင်ရတဲ့ Device တစ်ခုချင်းစီကို နှိပ်ပြီး Log out လုပ်ဖို့ ဒါမှမဟုတ် အကောင့်ကို လုံခြုံအောင်လုပ်ဖို့ ရွေးချယ်နိုင်ပါတယ်။
၈။ တစ်နည်းအားဖြင့် See All ကိုနှိပ်ပြီး Sessions တွေအားလုံးကို Log out လုပ်ဖို့ ရွေးချယ်နိုင်ပါတယ်။

Ref: Phone Arena