အင်တာနက် မရချိန် Google Chrome မှာ ဒိုင်နိုဆော Game ကစားလို့ ရတာကို လူတော်တော်များများ သိကြပါတယ်။ အဲဒီ Game ကစားရတာ ပျော်စရာ ကောင်းပြီး အချိန်ဖြုန်းဖို့အတွက် အသုံးဝင်ပါတယ်။ အဲဒီလိုပဲ Google Play Store မှာလည်း အင်တာနက် မရချိန်မှာ ကစားလို့ရတဲ့ လျှို့ဝှက် Offline Game တွေ ရှိပါတယ်။ အဲဒီ Game တွေကို Google က ဖန်တီးပေးထားတာ တော်တော်ကြာပြီဖြစ်ပေမယ့်  လူတော်တော်များများ မသိကြတဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။

Google Play Store မှာ Offline Game တွေ ကစားချင်သူက ဒီဆောင်းပါးကို ဆက်လက် ဖတ်ရှုဖို့ အကြံပေးပါတယ်။ အဲဒီ Offline Game တွေကို Google Play Store မှာ ဘယ်လို ရှာဖွေပြီး ကစားရမယ် ဆိုတာကို အောက်မှာ တစ်ဆင့်ချင်း ရှင်းပြပေးထားပါတယ်။

မှတ်ချက်။    ။ သင် အင်တာနက် ချိတ်ဆက်ထားချိန်မှာတော့ အဲဒီ Game တွေကို Play Store မှာ ရှာတွေ့မှာ မဟုတ်ပါဘူး။

၁။ သင့်ဖုန်းက Notification Bar ကို ဆွဲချပြီး ‘AirPlane’ Mode ကို On ပေးပါ။

၂။ ပြီးရင် Google Play Store ကို ဖွင့်ပါ။

၃။ အောက်ခြေက ‘Games’ Tab ထဲသွားပါ။

၄။ အဲဒီမှာ Offline ကစားလို့ရတဲ့ Game တွေကို ပြသထားပြီး ကစားချင်တဲ့ Game ရဲ့ ညာဘက်က Play Button ကို နှိပ်ပါ။

Game တွေက ပေါ့ပေါ့ပါးပါးတွေ ဖြစ်ပေမယ့် သင် အင်တာနက် မရရင် အချိန်ဖြုန်းဖို့အတွက် အသုံးဝင်ပါတယ်။

Ref : techviral