Microsoft ကနေ အခုအချိန်မှာ Windows 11 ကို စတင်ပြီး တရားဝင် Stable Version Update ကို ထုတ်ပေးနေပြီဖြစ်ပါတယ်။ လက်ရှိအခြေအနေအရတော့ Windows 11 ကို ကြိုက်နှစ်သက်သူအများအပြားရှိနေသလို Windows 11 ရဲ့ Bugs အချို့ကြောင့် အသုံးပြုတဲ့အချိန်မှာ Windows 10 လောက် အဆင်မပြေတဲ့သူတွေလည်း အများအပြားရှိနေပါတယ်။

အဲ့ဒါကြောင့် တကယ်လို့ Windows 11 ကို စမ်းသပ်တင်ထားပြီး ကိုယ့်အတွက် အဆင်မပြေဘူးဆိုရင် Windows 10 ကို Data တွေ မဆုံးရှုံးဘဲ ဘယ်လိုမျိုး အလွယ်တကူပြန်ပြီး Downgrade ပြုလုပ်နိုင်မလဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အခုလိုမျိုး Windows 11 ကနေ Windows 10 ကို Data မပျက်ဘဲ ပြန်ဆင်းချင်တယ်ဆိုရင် အရေးကြီးတဲ့အချက်က Windows 11 တင်ပြီး ၁၀ ရက်အတွင်းပဲ ပြန်ဆင်းနိုင်မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Windows 11 ကို အသုံးပြုတာ ၁၀ ရက်အထက်ဖြစ်နေပြီဆိုရင်တော့ Windows 10 ကို ပြန်ဆင်းဖို့အတွက် Data တွေဖျက်ပြီး အစကနေ Windows 10 ကို ပြန်တင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

တကယ်လို့ Windows 11 ကို တင်ထားတာ ၁၀ ရက်အတွင်းပဲရှိသေးတဲ့ဆိုရင်တော့ အောက်ပါအတိုင်းပြုလုပ်နိုင်ပါတယ်။

Windows 11 Settings ထဲကို ဝင်ရောက်ပြီး System ကနေတစ်ဆင့် Recovery Section ထဲကို ဝင်ရောက်ရမှာဖြစ်ပါတယ်။

ပြီးရင်တော့ Previous Version of Windows အောက်မှာရှိတဲ့ Go Back ကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ပြီးတဲ့အချိန်မှာ Windows 10 ကို ပြန်ဆင်းချင်တဲ့ အကြောင်းပြချက်ကို ရွေးချယ်ပြီး Next နှိပ်ပြီး Go Back to Windows 10 ကို ရွေးချယ်လိုက်ရုံပါပဲ။

ပြီးရင်တော့ Restart ကျပြီး ပြန်တက်လာတာနဲ့ Windows 10 ကို ပြန်ဆင်းပြီးဖြစ်သွားမှာပါ။ အဲ့ဒါကြောင့် ကိုယ်က Windows 11 ကို စမ်းသပ်သုံးစွဲချင်တယ်ဆိုရင်တောင် ၁၀ ရက် စမ်းသပ်ပြီး မကြိုက်ရင် အလွယ်တကူပြန်လည် Downgrade လုပ်နိုင်မှာပါ။

Ref – WCCFTECH