Facebook Messenger Bot ကို ပံ့ပိုးပေးထားတာ ကြာပြီ ဖြစ်ပေမယ့် ဘယ်လောက် အသုံးဝင်သလဲဆိုတာ လူတွေ သိပ်မသိကြသေးပါဘူး။ အဲဒီအတွက် ဒီဆောင်းပါးမှာ Facebook Messenger Bot ဆိုတာဘာလဲ ဆိုတာနဲ့ အသုံးပြုနည်းကို ပြောပြချင်ပါတယ်။

Facebook Messenger Bot ဆိုတာ ဘာလဲ?

Facebook Messenger Bot ဆိုတာ AI ကို အသုံးပြုပြီး တခြား လူတွေနဲ့ ဆက်သွယ်နိုင်အောင် ဖန်တီးထားတဲ့ Software ၁ ခု ဖြစ်ပါတယ်။ Bot ဆိုတဲ့အတွက် အလုပ်တွေကို အလိုအလျှောက် လုပ်ပေးမှာပါ။

အဲဒီ Bot တွေက မေးခွန်းတွေကို နားလည်ပြီး လူသား ၁ ယောက်လို အဖြေပေးနိုင်တဲ့အတွက် Marketing , Customer Service နဲ့ Sale နယ်ပယ်တွေမှာ အရမ်းကို အသုံးဝင်ပါတယ်။

Facebook Messenger Bot ကို Set Up လုပ်နည်း

သင် Coding ကျွမ်းကျင်သလောက် Facebook Messenger Bot ကို Set Up လုပ်နိုင်တဲ့ နည်းလမ်းများစွာရှိပါတယ်။ Coding မတတ်သူတွေအတွက် Chatfuel ကို သုံးပြီး လွယ်ကူစွာ Set Up လုပ်နိုင်ပါတယ်။

Chatfuel မှာ Sign Up လုပ်ပါ။

Chatfuel မှာ ဒီလင့်ကနေ အခမဲ့ Sign Up လုပ်နိုင်ပြီး Premium Membership တွေရှိပေမယ့် Facebook Chatbot တွေကို အခမဲ့ ဖန်တီးနိုင်တဲ့ Free Plan လည်း ရှိပါတယ်။

Chatfuel ရဲ့ Homepage မှာ Try For Free ခလုတ်ကို နှိပ်ပါ။ ပြီးရင် သင့် Facebook အကောင့်ကို Sign In ဝင်ပြီး သင့် Public Profile နဲ့ အီးမေးကို Chatfuel က Access လုပ်ခွင့်ပေးပါ။

သင့် Chat Bot ကို Customize လုပ်ပါ။

Chatfuel နဲ့ Facebook အကောင့်ကို ချိတ်ဆက်ပြီးရင် Messenger Bot ကို စတင် Customize လုပ်နိုင်ပါပြီ။ အရင်ဆုံး Welcome Message ကို ပြုလုပ်ရမှာပါ။

သင့် Facebook Page မှာ Settings> Messaging ထဲသွားပြီး Show a Messenger Greeting မှာ Yes ပေးပါ။ Change ကို နှိပ်ပြီး သင်ကြိုက်တဲ့ Welcome Message ကို ရေးပေးကာ Save လုပ်ပါ။

Message Button ထည့်သွင်းပါ။

သင့် Facebook Page မှာ Messenger Button ကို ထည့်သွင်းနိုင်တဲ့ နည်းလမ်းကို ပြောပြချင်ပါတယ်။ သင့် Facebook Page ကို ဖွင့်ပြီး Add a Button ကို နှိပ်ပါ။ Window ၁ ခု ပေါ်လာမှာ ဖြစ်ပြီး Contact You နဲ့ Send Message ထဲက ၁ ခုကို ရွေးချယ်နိုင်ပါတယ်။

Facebook Chatbot တွေ ဖန်တီးနိုင်တဲ့ တခြား နည်းလမ်း (၂) ခု

၁။ Dialogflow

Dialogflow ဟာ Google ရဲ့ ဝန်ဆောင်မှု ၁ ခု ဖြစ်ပြီး Web Application , Mobile App , Voice Response System နဲ့ Device တွေမှာ အလိုအလျှောက် စာပြန်ပေးတဲ့ Bot တွေ ဖန်တီးနိုင်ပါတယ်။ Facebook အပြင် Twitter, Telegram , Slack တို့လို ပလက်ဖောင်းများစွာနဲ့ ချိတ်ဆက်နိုင်ပါတယ်။ Pre-built Agent များစွာ ထည့်သွင်းပေးထားပြီး NLP (Natural Language Processing) ကိုထောက်ပံ့ပါတယ်။ ဘာသာစကား ၁၅ မျိုးကျော်ကို သိနားလည်ပြီး Dialogflow ကို အခမဲ့ သုံးနိုင်ပါတယ်။

၂။ Wit.ai

Wit.ai ကို Facebook က ပိုင်ဆိုင်ပြီး Dialogflow လိုပဲ Bot တွေ ဖန်တီးနိုင်ပါတယ်။ NLP (Natural Language Processing) ကိုထောက်ပံ့ပြီး Tutorial တွေ ပံ့ပိုးပေးထားပါတယ်။ Facebook အပြင် Twitter, Telegram , Slack တို့လို ပလက်ဖောင်းများစွာနဲ့ ချိတ်ဆက်နိုင်ပါတယ်။ အခမဲ့ အသုံးပြုနိုင်ပြီး Python , Node.js , Ruby တို့ကို သုံးကာ Bot တွေ ဖန်တီးနိုင်ပါတယ်။

Ref : makeuseof