Google ဟာ Pixel အပါအဝင် တချို့သော စမတ်ဖုန်းတွေအတွက် Android 12 Beta Update ကို ထုတ်ပေးထားပြီးဖြစ်ပါတယ်။ အခုအချိန်မှာဆိုရင် Beta Version 4 အထိ ရောက်ရှိနေပြီဖြစ်တာကြောင့် လာမယ့် လပိုင်းအတွင်းမှာ Android 12 Stable Update ကို စမတ်ဖုန်းတွေမှာ Update ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။

အဲ့ဒါကြောင့် Android 12 မှာ Wi-Fi Password ကို တခြားသူတစ်ယောက်ကို ဘယ်လိုမျိုး Share ပေးနိုင်မလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ Wi-FI ကို Share ပေးတာက လက်ရှိ Android 11 မှာလည်း ပါဝင်ပြီးဖြစ်ပေမယ့် Android 12 မှာတော့ ပိုပြီးတောင် လွယ်ကူပြီး အသုံးပြုရတာ ပိုအဆင်ပြေလာပြီဖြစ်ပါတယ်။

အခု Article မှာတော့ Android 12 ကို အသုံးပြုနေပြီဆိုရင် ကိုယ့်ရဲ့ Wi-Fi Password ကို ဘယ်လိုမျိုးမျှဝေမလဲဆိုတာကို ဖော်ပြသွားပေးမှာဖြစ်ပါတယ်။ Android 12 မှာ Wi-Fi ကို ပြန်ပြီး Share ပေးဖို့အတွက် နည်းလမ်း (၃) မျိုးနဲ့ ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။ ဒါကတော့ QR Code ကို အသုံးပြုခြင်း၊ Nearby Share ကို အသုံးပြုခြင်းနဲ့ ပုံမှန်အတိုင်း Password ကို ပြောပြပြီး Share ပေးနိုင်မှာဖြစ်ပါတယ်။

အရင်ဆုံးအနေနဲ့ ကိုယ်ချိတ်ဆက်ထားတဲ့ Wi-Fi Password ကို ပြန်လည် Share ပေးဖို့အတွက်ကတော့ Notification Panel မှာ ရှိတဲ့ Internet ကို နှိပ်ပြီး ကိုယ်ချိတ်ဆက်ထားတဲ့ Wi-Fi ရဲ့ ဘေးမှာရှိတဲ့ Setting ကို နှိပ်ပြီး ဝင်ရောက်ရမှာဖြစ်ပါတယ်။

အခုလိုမျိုးဝင်ရောက်ပြီးပြီဆိုရင်တော့ ကိုယ်ချိတ်ဆက်ထားတဲ့ Wi-Fi Network ရဲ့ Information ကို တွေ့ရမှာပဲဖြစ်ပါတယ်။ အပေါ်ဆုံး “Forget” ၊ “Disconnect” Button တွေဘေးမှာ “Share” Button တစ်ခုရှိပြီး အဆိုပါ Share Button ကို နှိပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ ကိုယ့်ဖုန်းရဲ့ Password သို့မဟုတ် Face/Fingerprint ဖြင့် ဝင်ရောက်ရမှာဖြစ်ပြီး QR Code အပြင် Wi-Fi Password ကိုပါ ရေးသားပေးထားမှာဖြစ်ပါတယ်။ အဲ့ဒီအောက်ခြေမှာလည်း Nearby Share ဖြင့် Share ပေးဖို့အတွက် Button တစ်ခုပါဝင်ဦးမှာပါ။

ပုံမှန်အားဖြင့် အခုနောက်ပိုင်း စမတ်ဖုန်းတွေမှာပါဝင်တဲ့ Camera App ကနေ တစ်ဆင့် အဆိုပါ QR Code ကို Scan ဖတ်လိုက်တာနဲ့ အလိုအလျောက် ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ် Share ပေးချင်တဲ့သူက QR Code ကို Scan မဖတ်နိုင်ပေမယ့် အနီးအနားမှာရှိနေတယ်၊ Android ဖုန်းကိုလည်း အသုံးပြုနေတယ်ဆိုရင်တော့ Nearby Share ကို အသုံးပြုပြီး မျှဝေပေးနိုင်မှာဖြစ်ပါတယ်။

တကယ်လို့ အပေါ်ကနည်းလမ်းတွေကို အသုံးပြုနိုင်ခြင်းမရှိဘူးဆိုရင်တော့ ပုံမှန်အတိုင်းပဲ Wi-Fi Password ကို ပေးပို့ပြီး Manually ဝင်ရောက်ရမှာပါ။

ဘာပဲဖြစ်ဖြစ် Android 12 မှာ ဒီလိုမျိုး Wi-Fi Password ကို မျှဝေဖို့လိုအပ်လာတာက အသုံးပြုသူတွေအတွက် ပိုပြီးလွယ်ကူလာစေမှာဖြစ်ပါတယ်။

Ref – Android Central