အခုအချိန်မှာ စမတ်ဖုန်းနဲ့ အင်တာနက်အသုံးပြုနေတဲ့သူတွေ အများအပြားရှိလာပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ စမတ်ဖုန်းအော်ပရေတာအများစုက Unlimited Data ကို မပေးသေးတဲ့အတွက် ကိုယ်သုံးတဲ့ Data ပမာဏကိုတော့ ချင့်ချိန်ပြီး အသုံးပြုနေရတုန်းပဲဖြစ်ပါတယ်။

အခုပြောပြပေးသွားမယ့် အချက်တွေကို လိုက်လုပ်ထားမယ်ဆိုရင် ပိုပြီးတောင် ကိုယ့်ဖုန်းအင်တာနက် Data တွေ ကုန်သွားတာကို ကာကွယ်ပေးနိုင်မှာပါ။

အင်တာနက်ကို မလိုတဲ့အချိန်မှာ ပိတ်ထားပါ

အခုနောက်ပိုင်း အသုံးပြုတဲ့ Data ပေါ်မူတည်ပြီး ဖုန်းဘေကောက်ခံတဲ့စနစ်ကို အသုံးပြုလာကြတဲ့အတွက် အချို့သောသူတွေက ဖုန်းအင်တာနက်ကို မပိတ်ပဲ အမြဲတမ်းဖွင့်ထားလာကြပါတယ်။ ဒါက Messages တွေ၊ Notifications တွေကို အမြဲတမ်းရရှိနေစေပေမယ့် တစ်ခါတလေ နောက်ကွယ်က App တစ်ခုခုက Data တွေကို Download လုပ်သွားရင် ဖုန်းဘေမကုန်သင့်ပဲ ကုန်သွားမှာပါ။

Applications တွေ၊ Updates တွေကို Wi-Fi ကနေပဲ Update လုပ်ပါ

Google Play Store မှာ အမြဲတမ်း Apps Update တွေတက်နေတတ်ပါတယ်။ Application ပဲဖြစ်ဖြစ် ကိုယ့်ဖုန်းကို System Update လုပ်ထားတာက ကောင်းတဲ့အချက်ပေမယ့် Mobile Data နဲ့ ဖြစ်နိုင်ရင် လုံးဝမလုပ်တာအကောင်းဆုံးပါ။

Browser မှာ Data Saver Mode ကို ဖွင့်သုံးပါ

ဒါက Google Chrome လိုမျိုး Browser တွေမှာ ပါဝင်တဲ့ Feature တစ်ခုပါ။ ကိုယ်က အင်တာနက် Websites တွေကို ကြည့်နေပြီးတော့ Data တွေအများကြီးကုန်မှာလည်း စိုးရိမ်တယ်ဆိုရင် Browser Setting ထဲက Data Saver ကို On ထားလိုက်ပါ။

Mobile Data အရမ်းသုံးနေတဲ့ App တွေကို ဖယ်ရှားပစ်ပါ

ကိုယ့် Android ဖုန်းရဲ့ Setting – Mobile Data Usage ထဲမှာ Mobile Data ကို အများဆုံး သုံးနေတဲ့ Applications တွေကို ပြန်ကြည့်လို့ရပါတယ်။ အဲ့ဒီလိုမျိုး ပြန်ကြည့်ပြီးတော့ အများဆုံး Data စားနေတဲ့ App တွေကို အသုံးမလိုရင် ဖယ်ရှားပစ်ပါ။ ဥပမာ Instagram ဆိုရင် အခြား App တွေထက် သိသိသာသာကို Mobile Data ပိုစားတတ်ပါတယ်။