Incognito Mode ဟာ သင့်ရဲ့ Browsing History တွေကို တခြား လူတွေ မသိအောင်ကာကွယ်ပေးထားတဲ့ Privacy လုပ်ဆောင်ချက် တစ်ခု ဖြစ်ပါတယ်။ ခြေရာလက်ရာ မကျန်ဘဲ ဝက်ဘ်ဆိုက်တွေ ကြည့်နိုင်တာ တော်တော်မိုက်ပါတယ်။ ဒါပေမယ့် Incognito Mode မှာ Screenshot တွေ ရိုက်လို့ မရပါဘူး။

တကယ်လို့ သင်ဟာ Android ရဲ့  Incognito Mode မှာ Screenshot တွေ ရိုက်ဖို့လိုအပ်လာရင်လည်း စိတ်ပူစရာ မလိုပါဘူး။ နာမည်ကြီး ဘရောက်စာတွေမှာ ဒီလို လုပ်နိုင်တဲ့ နည်းလမ်းကို ပံ့ပိုးပေးထားပါတယ်။

Chrome

၁။ Android က Chrome ဘရောက်စာကို ဖွင့်ပါ။

၂။ Address Bar မှာ chrome://flags လို့ ရိုက်ပါ။

Take Screenshots Incognito Mode Android Chrome Flags View

၃။ “Incognito Screenshot” ကို Search Bar ကနေ ရှာပါ။

Take Screenshots Incognito Mode Android Chrome Enable Flag

၄။ တွေ့ရင် အောက်က Drop-down Menu ကို နှိပ်ပြီး “Enabled” ကို ရွေးပါ။

Take Screenshots Incognito Mode Android Chrome Mode Enabled

၅။ “Relaunch” ခလုတ်ကို နှိပ်ပြီး Chrome ကို ပြန်ဖွင့်ပါ။

Take Screenshots Incognito Mode Android Chrome Relaunch Browser

၆။ Chrome ရဲ့ Menu ကနေ “New Incognito Tab” ကို နှိပ်ပါ။ ဒါဆိုရင် Incognito Mode မှာ Screenshot တွေ ရိုက်လို့ရပါပြီ။

Take Screenshots Incognito Mode Android New Incognito Window

Firefox

Firefox မှာ လုပ်ရတာ ပိုလွယ်ပြီး ဘရောက်စာ Settings ကနေ အဲဒီ လုပ်ဆောင်ချက်ကို Enable လုပ်ပေးလိုက်ရုံပါပဲ။

၁။ Android က Firefox ကို ဖွင့်ပါ။

၂။ ဘယ်ဘက်အပေါ်ထိပ်က Menu ကို နှိပ်ပြီး Settings ထဲသွားပါ။

၃။ အောက်ဘက်ကို ဆင်းပြီး “Private Browsing” ထဲသွားပါ။

Take Screenshots Incognito Mode Android Firefox Private Browsing

၄။ “Allow Screenshots in Private Browsing” မှာ Enable လုပ်ပေးပါ။

Take Screenshots Incognito Mode Firefox Enable Screenshots

၅။ ပြီးရင်တော့ Home Page ကို ပြန်သွားပြီး Address Bar အောက်၊ ညာဘက်ထိပ်နားက Mask Icon ကို နှိပ်ပါ။ ဒါဆိုရင် Private Browsing Mode မှာ Screenshot တွေ ရိုက်လို့ရပါပြီ။

Take Screenshots Incognito Mode Android Firefox New Private Window

Ref : maketecheasier