Android ရဲ့ Google Chrome ဘရောက်စာမှာ Google က မကြာခင်ကပဲ Tab Groups လုပ်ဆောင်ချက်ကို ထည့်သွင်းပေးလိုက်ပါတယ်။ ဝက်ဘ်စာမျက်နှာတစ်ခုက လင့်တစ်ခုကို ဖိထားရင် Menu မှာ “Open in new tab group” Option ကို ပြသပေးမှာပါ။ အဲဒါကို နှိပ်ရင် အဲဒီ Tab တွေကို အုပ်စုဖွဲ့ပြီး ပြသပေးမှာပါ။ အဲဒီ လုပ်ဆောင်ချက်က ဆက်စပ်နေတဲ့ Tab တွေကို တစ်စုတစ်စည်းထဲ ပြသပေးတဲ့အတွက် Tab တွေ ရှာရတာ ပိုလွယ်ကူပါတယ်။

ဒါပေမယ့် Menu မှာ အရင်ကလို “Open in new tab” Option မပါလာတော့ဘဲ ဖယ်ရှားထားပါတယ်။ တချို့လူတွေက အဲဒီ Option ကို ပြန်လိုချင်ကြပါတယ်။ အဲဒီအတွက် Menu  မှာ “Open in new tab group” အပြင် “Open in new tab” Option ပါ ပါလာအောင် ပြုလုပ်နည်းကို ပြောပြချင်ပါတယ်။ ဒီနည်းမှာ “Open in new tab group” ကို လုံးဝ ပိတ်ထားလို့တော့ မရပါဘူး။

ဒီလိုလုပ်ဖို့အတွက် Chrome://flags Menu ကို သုံးရမှာပါ။ Android မှာ Chrome ကို ဖွင့်ပြီး Address Bar မှာ chrome://flags/#enable-start-surface လို့ ရိုက်ထည့်ပါ။ “Start Surface” ရဲ့ အောက်က Drop-down Arrow ကို နှိပ်ပြီး   “Enabled Single Surface V2 Finale” ကို ရွေးပေးပါ။

ပြီးရင် Address Bar မှာ chrome://flags/#enable-tab-grid-layout လို့ ရိုက်ထည့်ပြီး “Tab Grid Layout” အောက်က Drop-down Arrow ကို နှိပ်ပါ။ “Enabled without auto group” ကို ရွေးပေးပါ။ ပြီးရင် အောက်ခြေက Relaunch Chrome ခလုတ်ကို နှိပ်ပါ။ နောက်တစ်ဆင့်က Recent Menu ကို နှိပ်ပြီး Chrome ကို ပိတ်လိုက်ပါ။ Chrome ကို ပြန်ဖွင့်ပြီး လင့်တစ်ခုကို ဖိထားရင် “Open in new tab” Option ကို ပြန်မြင်ရပြီ ဖြစ်ပါတယ်။

Ref : androidpolice