[Zawgyi]

သိပ္မၾကာခင္အခ်ိန္အေတာအတြင္းမွာ Unsend Message Feature ကို Facebook က တစ္ကမာၻလုံးသုံးလို႔ရေအာင္ ျဖန႔္ေဝေတာ့မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ Messenger သုံးတဲ့သူေတြအေနနဲ႔ ေျပာမွားဆိုမွား ရွိခဲ့ရင္ အခ်ိန္မလြန္ခင္ ျပန္ၿပီးျပင္ဆင္ႏိုင္၊ ေဖ်ာက္ဖ်က္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ Unsend ဆိုတာထက္ ပို႔ၿပီးသား Message ကို ဖယ္ရွားပစ္တာမို႔ Removing လုပ္တယ္လို႔ ေျပာရင္လည္း ရပါတယ္။

ဒါေပမယ့္ Message ကို ဖ်က္ပစ္ဖို႔၊ ဖယ္ရွားဖို႔အတြက္ အခ်ိန္ေတာ့ သိပ္အမ်ားႀကီးမရပါဘူး။ ကနဦး သတင္းေတြမွာ ေဖာ္ျပထားတဲ့အတိုင္း အခ်ိန္ ၁၀ မိနစ္ပဲ ရမွာပါ။ ဒါေၾကာင့္ ကိုယ္ပို႔လိုက္တဲ့ Message နဲ႔ ပတ္သက္ၿပီး စိတ္ထဲမွာ မတင္မက် ျဖစ္ေနရင္ အခ်ိန္မလြန္ခင္ ျပန္စဥ္းစားၿပီး ဖ်က္မွပဲရမွာပါ။ Send လုပ္ၿပီး ၁၀ မိနစ္ေက်ာ္သြားရင္ေတာ့ ျပန္ဖယ္ရွားလို႔ မရေတာ့ပါဘူး။

လက္ရွိအခ်ိန္မွာေတာ့ ဒီ Unsend feature ကို Poland, Bolivia, Colombia နဲ႔ Lithuania တို႔မွာပဲ သုံးလို႔ရေသးတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ သိပ္မၾကာခင္အခ်ိန္အေတာအတြင္း ျမန္မာႏိုင္ငံမွာလည္း သုံးလို႔ရေတာ့မွာ ျဖစ္တဲ့အတြက္ Unsend ဘယ္လိုလုပ္ရမလဲဆိုတာေလးကို မွ်ေဝေပးခ်င္ပါတယ္။

ပို႔ၿပီးသား Message ကို ၁၀ မိနစ္မတိုင္မီ ခပ္ၾကာဖိထားမယ္ဆိုရင္ ဖုန္းမ်က္ႏွာျပင္ ေအာက္ေျခမွာ Copy, Remove, Forward ဆိုၿပီး ေ႐ြးခ်ယ္စရာ သုံးခုေပၚလာပါလိမ့္မယ္။ အဲဒီထဲကမွ Remove ကို ႏွိပ္လိုက္မယ္ဆိုရင္ Remove For Everyone နဲ႔ Remove for You ဆိုၿပီး ေပၚလာပါလိမ့္မယ္။ ဒီေတာ့ အားလုံးဆီမွာ ပ်က္ခ်င္ရင္ Remove for Everyone လုပ္လိုက္ရင္ရပါၿပီ။ ဒါေပမယ့္ သင္က ဒီ Message ကို ဖယ္လိုက္တယ္ဆိုတဲ့အေၾကာင္းကိုေတာ့ အသိေပးၿပီးသား ျဖစ္သြားပါလိမ့္မယ္။

Ref: Cnet

 

[Unicode]

သိပ်မကြာခင်အချိန်အတောအတွင်းမှာ Unsend Message Feature ကို Facebook က တစ်ကမ္ဘာလုံးသုံးလို့ရအောင် ဖြန့်ဝေတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် Messenger သုံးတဲ့သူတွေအနေနဲ့ ပြောမှားဆိုမှား ရှိခဲ့ရင် အချိန်မလွန်ခင် ပြန်ပြီးပြင်ဆင်နိုင်၊ ဖျောက်ဖျက်နိုင်တော့မှာ ဖြစ်ပါတယ်။ Unsend ဆိုတာထက် ပို့ပြီးသား Message ကို ဖယ်ရှားပစ်တာမို့ Removing လုပ်တယ်လို့ ပြောရင်လည်း ရပါတယ်။

ဒါပေမယ့် Message ကို ဖျက်ပစ်ဖို့၊ ဖယ်ရှားဖို့အတွက် အချိန်တော့ သိပ်အများကြီးမရပါဘူး။ ကနဦး သတင်းတွေမှာ ဖော်ပြထားတဲ့အတိုင်း အချိန် ၁၀ မိနစ်ပဲ ရမှာပါ။ ဒါကြောင့် ကိုယ်ပို့လိုက်တဲ့ Message နဲ့ ပတ်သက်ပြီး စိတ်ထဲမှာ မတင်မကျ ဖြစ်နေရင် အချိန်မလွန်ခင် ပြန်စဉ်းစားပြီး ဖျက်မှပဲရမှာပါ။ Send လုပ်ပြီး ၁၀ မိနစ်ကျော်သွားရင်တော့ ပြန်ဖယ်ရှားလို့ မရတော့ပါဘူး။

လက်ရှိအချိန်မှာတော့ ဒီ Unsend feature ကို Poland, Bolivia, Colombia နဲ့ Lithuania တို့မှာပဲ သုံးလို့ရသေးတယ်လို့ သိရပါတယ်။ ဒါပေမယ့် သိပ်မကြာခင်အချိန်အတောအတွင်း မြန်မာနိုင်ငံမှာလည်း သုံးလို့ရတော့မှာ ဖြစ်တဲ့အတွက် Unsend ဘယ်လိုလုပ်ရမလဲဆိုတာလေးကို မျှဝေပေးချင်ပါတယ်။

ပို့ပြီးသား Message ကို ၁၀ မိနစ်မတိုင်မီ ခပ်ကြာဖိထားမယ်ဆိုရင် ဖုန်းမျက်နှာပြင် အောက်ခြေမှာ Copy, Remove, Forward ဆိုပြီး ရွေးချယ်စရာ သုံးခုပေါ်လာပါလိမ့်မယ်။ အဲဒီထဲကမှ Remove ကို နှိပ်လိုက်မယ်ဆိုရင် Remove For Everyone နဲ့ Remove for You ဆိုပြီး ပေါ်လာပါလိမ့်မယ်။ ဒီတော့ အားလုံးဆီမှာ ပျက်ချင်ရင် Remove for Everyone လုပ်လိုက်ရင်ရပါပြီ။ ဒါပေမယ့် သင်က ဒီ Message ကို ဖယ်လိုက်တယ်ဆိုတဲ့အကြောင်းကိုတော့ အသိပေးပြီးသား ဖြစ်သွားပါလိမ့်မယ်။

Ref: Cnet