[Zawgyi]

Windows 10 အသုံးျပဳသူေတြအတြက္ Update ေတြလာရင္ အနည္းငယ္ေတာ့ အဆင္မေျပမႈေတြ ႀကဳံေတြ႕ရတတ္ပါတယ္။ အထူးသျဖင့္ Drivers သစ္ေတြတင္လိုက္တဲ့အခါ ကိုယ့္ရဲ႕ စက္နဲ႔မကိုက္ညီတဲ့အတြက္ Error တက္တာမ်ိဳး ျဖစ္ပါတယ္။

အရင္တုန္းက သုံးခဲ့တဲ့ Windows 7 မွာတုန္းက System restore လုပ္ရတာ ရွင္းလင္းလြယ္ကူေပမယ့္ Windows 10 မွာေတာ့ ျမင္ကြင္းအသစ္ေတြနဲ႔မို႔ အနည္းငယ္ မ်က္စိေမွာက္ေနတတ္ပါတယ္။ အမွန္တကယ္ေတာ့ Windows 10 က ဘာဘဲရွာရွာ ျမန္ျမန္ေတြ႕ေအာင္ ဒီဇိုင္းလုပ္ေပးထားတာပါ။

Windows 10 မွာ Restore Point သုံးခ်င္သူေတြအတြက္ အလြယ္ဆုံးနည္းကေတာ့ Window Key ကို ႏွိပ္လိုက္ပါ။ Task-bar မွာ ေပၚလာတဲ့ Search field မွာ “Create a restore point” ဆိုၿပီး ႐ိုက္ထည့္လိုက္ပါ။ ေပၚလာတဲ့ Create a restore point ကို ေ႐ြးႏွိပ္လိုက္႐ုံပါပဲ။

ေပၚလာတဲ့ Box မွာ အလြယ္ဆုံး နည္းလမ္းျဖစ္တဲ့ System restore ကို ေ႐ြးခ်ယ္ႏွိပ္လိုက္ပါ။ Pop-up window မွာ Next ကိုပဲ ဆက္ႏွိပ္ပါ။

ဒါဆိုရင္ ကြန္ပ်ဴတာက Restore လုပ္ဖို႔ ရွာေပးပါလိမ့္မယ္။ Pop-up window ရဲ႕ေအာက္ေျခက Scan for affected programs ကို ႏွိပ္ရင္ေတာ့ ကိုယ္ျပန္သြားခ်င္တဲ့ ရက္ကို ရွာလို႔ရမွာပါ။ ၿပီးရင္ Next ကိုပဲ ဆက္ႏွိပ္ပါ။ Show more restore points ကိုထပ္ႏွိပ္ရင္ေတာ့ မတူညီတဲ့ restore points ေတြ ထပ္ၿပီးထြက္ေပၚလာမွာ ျဖစ္ပါတယ္။

Ref: Microsoft

[Unicode]

Windows 10 မှာ Restore Point ဘယ်လိုသုံးမလဲ

Windows 10 အသုံးပြုသူတွေအတွက် Update တွေလာရင် အနည်းငယ်တော့ အဆင်မပြေမှုတွေ ကြုံတွေ့ရတတ်ပါတယ်။ အထူးသဖြင့် Drivers သစ်တွေတင်လိုက်တဲ့အခါ ကိုယ့်ရဲ့ စက်နဲ့မကိုက်ညီတဲ့အတွက် Error တက်တာမျိုး ဖြစ်ပါတယ်။

အရင်တုန်းက သုံးခဲ့တဲ့ Windows 7 မှာတုန်းက System restore လုပ်ရတာ ရှင်းလင်းလွယ်ကူပေမယ့် Windows 10 မှာတော့ မြင်ကွင်းအသစ်တွေနဲ့မို့ အနည်းငယ် မျက်စိမှောက်နေတတ်ပါတယ်။ အမှန်တကယ်တော့ Windows 10 က ဘာဘဲရှာရှာ မြန်မြန်တွေ့အောင် ဒီဇိုင်းလုပ်ပေးထားတာပါ။

Windows 10 မှာ Restore Point သုံးချင်သူတွေအတွက် အလွယ်ဆုံးနည်းကတော့ Window Key ကို နှိပ်လိုက်ပါ။ Task-bar မှာ ပေါ်လာတဲ့ Search field မှာ “Create a restore point” ဆိုပြီး ရိုက်ထည့်လိုက်ပါ။ ပေါ်လာတဲ့ Create a restore point ကို ရွေးနှိပ်လိုက်ရုံပါပဲ။

ပေါ်လာတဲ့ Box မှာ အလွယ်ဆုံး နည်းလမ်းဖြစ်တဲ့ System restore ကို ရွေးချယ်နှိပ်လိုက်ပါ။ Pop-up window မှာ Next ကိုပဲ ဆက်နှိပ်ပါ။

ဒါဆိုရင် ကွန်ပျူတာက Restore လုပ်ဖို့ ရှာပေးပါလိမ့်မယ်။ Pop-up window ရဲ့အောက်ခြေက Scan for affected programs ကို နှိပ်ရင်တော့ ကိုယ်ပြန်သွားချင်တဲ့ ရက်ကို ရှာလို့ရမှာပါ။ ပြီးရင် Next ကိုပဲ ဆက်နှိပ်ပါ။ Show more restore points ကိုထပ်နှိပ်ရင်တော့ မတူညီတဲ့ restore points တွေ ထပ်ပြီးထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

Ref: Microsoft