စမတ်ဖုန်းတွေရဲ့ Airplane Mode ဟာ လေယာဉ်ပေါ်မှာပဲ သုံးဖို့မဟုတ်ပါဘူး။ လေယာဉ်ပေါ်ရောက်တိုင်းလည်း Airplane Mode ချစရာမလိုပါဘူး။ ဒါပေမယ့် Airplane Mode က ဖုန်းအားသွင်းတဲ့ နေရာမှာတော့ အလွန်အသုံးဝင်ပါတယ်။ အားသွင်းတဲ့ အခါမှာ Airplane Mode ချထားရင် ဘာတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်။

1. ဖုန်းအားကုန်တာကို သက်သာစေပါတယ်။ 

ဖုန်းကို ရိုးရိုး Mode ထားတာထက် Airplane Mode ချထားရင် ဖုန်းအားကုန်တာကို သိသိသာသာလျော့နည်းစေပါတယ်။ ဖုန်းအားသွင်းမလာမိလို့ဘဲ ဖြစ်ဖြစ် အလုပ်တွေများနေပြီး ဖုန်းဆက်စရာရှိနေတဲ့ အချိန်မှာ ဖုန်းအားမလောက်မှာ စိုးလို့ဘဲ ဖြစ်ဖြစ် Airplane Mode ချထားလိုက်ရင် တစ်ညနေလုံး ဖုန်းအားမကုန်ဘဲ နေပါလိမ့်မယ်။

2. ဖုန်းလိုင်းမမိရင် ပြန်ကောင်းစေပါတယ်။

ဖုန်းက Network မမိဘဲ လိုင်းမကောင်းရင်လည်း Airplane Mode ခဏချထားရင် အနီးစပ်ဆုံး Network ကို အမြန်ဆုံး ပြန်လည်ချိတ်ပေးပါလိမ့်မယ်။

3. အားသွင်းရင် မြန်မြန်ပြည့်ပါတယ်။ 

ဖုန်းအားသွင်းတဲ့အခါ Airplane Mode ချပြီး အားသွင်းရင် ဖုန်းအားကို အမြန်ပြည့်စေပါတယ်။

 

4. သင့်ကို ခေတ္တခဏ အလုပ်ပေါ့စေပါတယ်။

Email, Facebook, Snapchat နဲ့ ဖုန်းအဝင် Calls တွေကနေ ခေတ္တလောက် ကင်းဝေးစေဖို့ Airplane Mode ချနိုင်ပါတယ်။ အရမ်းအလုပ်များနေချိန် အစည်းအဝေးတက်နေချိန် စတာတွေမှာ တောင်တောင်တင်တင် မြည်တာတွေ ပိတ်ထားနိုင်ဖို့လည်း Airplane Mode ချထားလို့ရပါတယ်။