Coronavirus ကြောင့် ရုံးခန်းနဲ့ အများပြည်သူ တည်နေရာတွေမှာ Mask ကို မဖြစ်မနေ တပ်ဆင်လာကြရပါတယ်။ ဒါပေမယ့် Mask တပ်ဆင်ထားရင် iPhone ကို Unlock လုပ်လို့ မရတဲ့ ပြဿနာ ရှိခဲ့ပါတယ်။

How To Unlock Your Apple iPhone With Face Mask On - TechReen

အခုတော့ Apple က အဲဒီပြဿနာကို ဖြေရှင်းဖို့ iOS 15.4 Beta မှာ Mask တပ်ထားရင်း Face ID နဲ့ iPhone ကို Unlock ပြုလုပ်နိုင်အောင် ဖန်တီးပေးလိုက်ပါပြီ။ iOS 15.4 Beta  ရဲ့ Face ID & Passcode Settings အသစ်မှာ Face ID with Mask ဆိုတဲ့ Option အသစ် ထည့်သွင်းပေးထားပြီး အသုံးပြုပုံကို အောက်မှာ ဖော်ပြပေးမှာပါ။ ဒါပေမယ့် ဒီ လုပ်ဆောင်ချက်အသစ်ဟာ iPhone 12 နဲ့ နောက်ပိုင်းထုတ် မော်ဒယ်တွေမှာပဲ အလုပ်လုပ်ပါတယ်။

Here's How To Unlock iPhone Face ID While Wearing A Mask

အသုံးပြုနည်း

  1. Settings> Face ID & Passcode ထဲသွားပါ။
  2. သင့်ရဲ့ Passcode ထည့်သွင်းပါ။
  3. Face ID with Mask ကို On ပေးပါ။

ဒါဆိုရင် Face ID က မျက်နှာတစ်ခုလုံးကို မဟုတ်ဘဲ မျက်လုံးဧရိယာတစ်ဝိုက်က သွင်ပြင်လက္ခဏာတွေကိုပဲ အာရုံခံ စစ်ဆေးမှာပါ။

နောက်ထပ် လုပ်ဆောင်ချက် အသစ် ၁ ခုက Add Glasses ဖြစ်ပြီး မျက်မှန် ဝတ်ဆင်သူတွေအတွက် အသုံးဝင်ပါတယ်။

Apple က Face ID with Mask ကို ပိတ်ထားရင် Face ID ဟာ ပိုမိုတိကျတယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် Mask တပ်ပြီး ဖုန်းကို မကြာခဏ Unlock လုပ်နေသူတွေအတွက် Face ID with Mask က အသုံးဝင်ပါတယ်။

Ref : macworld