Facebook ကို အသုံးပြုနေတယ်ဆိုရင် ကိုယ့်ရဲ့ Personal ဓါတ်ပုံတွေ၊ Status Post တွေနဲ့ တခြားသော Data တွေအများအပြားရှိနေမှာပါ။ အဲ့ဒါကြောင့် Facebook ပေါ်မှာ တင်ထားတဲ့ ဓါတ်ပုံတွေ၊ Post တွေကို Backup ပြုလုပ်ချင်တာပဲဖြစ်ဖြစ်၊ အကြောင်းကြောင်းကြောင့် Facebook Account ကို မဖျက်ခင်မှာ Data တွေသိမ်းထားချင်တာပဲဖြစ်ဖြစ် ပြုလုပ်ဖို့ လိုအပ်လာမှာဖြစ်ပါတယ်။

အဲ့ဒါကြောင့် အခု Article မှာတော့ Facebook ကနေ ထုတ်ပေးထားတဲ့ “Transfer Your Information” Tool ကို အသုံးပြုပြီး ကိုယ့် Facebook Account က Data တွေကို ဘယ်လိုမျိုး အလွယ်ကူဆုံး Backup ပြုလုပ်ရမလဲဆိုတာကို ပြောပြသွားမှာဖြစ်ပါတယ်။

အရင်ဆုံးအနေနဲ့ Transfer Your Information Tool ကို ဝင်ရောက်ဖို့အတွက် “https://www.facebook.com/tyi/” ဆိုတဲ့ Link ကို ဝင်ရောက်ရမှာဖြစ်ပါတယ်။ စစခြင်း အသုံးပြုတဲ့အချိန်မှာ ကိုယ့် Account Password ကိုပါ ပြန်လည်ရိုက်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။

ဝင်ရောက်ပြီးပြီဆိုရင်တော့ အဆင့် ၃ ဆင့်ကို ပြုလုပ်ရမှာဖြစ်ပြီး ပထမဆုံးအနေနဲ့ ကိုယ် Backup ပြုလုပ်ချင်တဲ့ Data ပေါ်မှုတည်ပြီး Backup ပြုလုပ်မယ့် Service ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် Google Docs ကို ရွေးချယ်မယ်ဆိုရင် Post တွေ၊ Status တွေအပြင် Notes တွေကိုပဲ Backup ပြုလုပ်ပေးနိုင်မှာဖြစ်ပြီး ဓါတ်ပုံ၊ ဗီဒီယိုတွေကိုတော့ Backup ပြုလုပ်နိုင်မှာမဟုတ်ပါဘူး။ အဲ့ဒါကြောင့် ဓါတ်ပုံ နဲ့ ဗီဒီယိုတွေအတွက် Google Photos သို့မဟုတ် Dropbox လိုမျိုး Service တွေကို ရွေးချယ်ရမှာဖြစ်ပါတယ်။ အဲ့ဒီလိုမျိုးပဲ Facebook Event တွေကို Backup ပြုလုပ်မယ်ဆိုရင် Google Calendar ကို ရွေးချယ်ပေးဖို့ လိုအပ်မှာပါ။

အဲ့ဒီနောက်မှာတော့ ဒုတိယအဆင့်အနေနဲ့ ကိုယ့်ရဲ့ Post တွေ၊ ဓါတ်ပုံ၊ ဗီဒီယိုတွေထဲမှာမှ အားလုံးကို Backup ပြုလုပ်မှာလား၊ အချိန်အတိုင်းအတာတစ်ခုအတွင်းက Data တွေကို Backup ပြုလုပ်မှာလားနဲ့ Album အလိုက် Backup ပြုလုပ်မလားဆိုတာကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။

နောက်ဆုံးအဆင့်ကတော့ ကိုယ်ရွေးချယ်ထားတဲ့ Backup Service နဲ့ Facebook ကို ချိတ်ဆက်ရမှာဖြစ်ပြီး ရွေးချယ်ထားတဲ့ Google ၊ Dropbox လိုမျိုး Service အလိုက် Account ဝင်ရောက်ပြီး Authorize ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Facebook ကနေ အလိုအလျောက် Backup ပြုလုပ်ပေးသွားမှာပါ။

အခုလိုမျိုး Backup ပြုလုပ်တဲ့အချိန်မှာ ကိုယ့်ရဲ့ Data နဲ့ Internet Connection Speed ပေါ်မှုတည်ပြီးတော့ အချိန်အနည်းငယ်ကြာမြင့်နိုင်ပါတယ်။ တကယ်လို့ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေအများအပြားရှိနေတယ်ဆိုရင် Backup ပြုလုပ်မယ့် Cloud Service မှာ လုံလောက်တဲ့ Storage ရှိဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ Facebook Account မှာရှိတဲ့ Data တွေကို သေချာ Backup ပြုလုပ်ထားချင်တယ်ဆိုရင် အခုပြောသွားတဲ့ Transfer Your Information Tool ကို အသုံးပြုသင့်ပါတယ်။ အထူးသဖြင့် အရေးကြီးဓါတ်ပုံနဲ့ ဗီဒီယိုတွေကို သိမ်းထားတတ်တဲ့သူတွေအတွက်ကတော့ အသုံးဝင်မှာပါ။

Ref – 9to5Mac