Microsoft ရဲ့ Edge Browser ဟာ လက်ရှိအချိန်မှာ Chrome Browser ကို ကျော်တက်နိုင်ခြေများနေတဲ့ Browser တစ်ခုဆိုရင်လည်း မမှားပါဘူး။ အခုလည်း Microsoft ကနေ Edge Browser အတွက် လက်တလောမှာ တခြားသော Safari နဲ့ Chrome Browser မှာပါဝင်တဲ့ Feature အသစ်တစ်ခုကိုပါ ထပ်မံထည့်သွင်းလိုက်ပါပြီ။

ဒါကတော့ Tab Groups Feature ပဲဖြစ်ပြီး နာမည်အတိုင်း ကိုယ်အသုံးပြုတာများတဲ့ Tabs တွေကို Group တစ်ခုအနေနဲ့ သတ်မှတ်ပေးနိုင်မှာဖြစ်ပါတယ်။ အဆိုပါ Tab Group Feature ကို အသုံးပြုဖို့အတွက်ကတော့ Version 93 နဲ့အထက်ရှိဖို့ လိုအပ်မှာပါ။

Tab Group Feature ကို ဘယ်လိုအသုံးပြုရမလဲဆိုရင်တော့ ဖွင့်ထားတဲ့ Tab တစ်ခုကို ကိုယ် Group ဖွဲ့ချင်တဲ့ Tab ဆီကို Drag & Drop ပြုလုပ်တာ၊ သို့မဟုတ် Tab ပေါ်မှာ Right Click ထောက်ပြီး Add to New Group ဆိုတာကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ Tab Group ပြုလုပ်ထားပြီး ကျန်တဲ့ Tab တွေကိုပါ Tab Group ထဲ ထည့်သွင်းချင်တယ်ဆိုရင်တော့ Ctrl ကို ဖိထားပြီး ထည့်သွင်းချင်တဲ့ Tab တွေကို Left Click နှိပ်ရမှာဖြစ်ပါတယ်။

Microsoft Edge မှာပါဝင်တဲ့ Tab Group ရဲ့ အားသာချက်ကတော့ အရောင်နဲ့ နာမည်ကို ကိုယ့်စိတ်ကြိုက်ပေးနိုင်တာဖြစ်ပြီး Tab Group တွေအများအပြားပြုလုပ်ထားနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်အလုပ်နဲ့ Personal Tab Group တွေဆိုပြီး သီးသန့်ခွဲထားနိုင်မှာပါ။ ဒီလိုမျိုး Customized ပြုလုပ်ဖို့အတွက်လည်း Tab Group ကို Right Click ထောက်လိုက်တာနဲ့ ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

ဒီလိုမျိုး Tab Group ပြုလုပ်ထားတယ်ဆိုရင် New Tab ဖွင့်တဲ့အချိန်မှာ အဆိုပါ Tab Group ကို Left Click တစ်ချက်နှိပ်တာနဲ့ Expend သို့မဟုတ် ပြန် Minimize လုပ်နိုင်မှာလည်းဖြစ်ပါတယ်။ ဒါကြောင့် မသုံးတဲ့အချိန်မှာ Tabs တွေက ရှုပ်နေစေမှာမဟုတ်ပါဘူး။

Microsoft Tab Group Feature ဟာ အသုံးပြုနေတုန်းမှာပဲ ပြင်ဆင်နိုင်တာဖြစ်ပြီး အသေသတ်မှတ်ထားချင်တယ်ဆိုရင်တော့ Collection အနေနဲ့ သိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။

Ref – The Verge