Viber ဟာ မြန်မာနိုင်ငံမှာ အတော်လေးအသုံးများတဲ့ Messaging App တစ်ခုဖြစ်ပါတယ်။ နည်းပညာလေ့လာသူတွေရဲ့ သတ်မှတ်ချက်အရ လုံခြုံမှုပိုင်းဆိုင်ရာမှာတော့ Viber ဟာ Signal, WhatsApp, Telegram, Messenger တို့နောက်မှာပဲ ရှိနေပါတယ်။ ဒါပေမယ့် Viber ဟာ သုံးစွဲရတာ လုံးဝမလုံခြုံတာတော့ မဟုတ်ပါဘူး။ အခုဖော်ပြလိုက်တဲ့ အချက်အချို့ကို လက်တွေ့သုံးကြည့်ရင်တော့ အတိုင်းအတာတစ်ခုအထိ လုံခြုံစွာသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

End-to-end Encryption by default

Viber မှာ End-to-end encryption ကို သီးသန့်ဖွင့်ရတာမျိုးမရှိလို့ လုံခြုံရေးအတွက် သို့လောသို့လောဖြစ်ကြမယ်ထင်ပါတယ်။ ကုမ္ပဏီကတော့ End-to-end encryption ကို Default ပေးထားတယ်လို့ ကြေညာထားပါတယ်။ ဒါကြောင့် အသုံးပြုသူတွေရဲ့ One-on-one chats တွေနဲ့ Group chats တွေ၊ Audio ဒါမှမဟုတ် Video ခေါ်ဆိုမှုတွေကို ကုမ္ပဏီအပါအဝင် ဘယ်ကမှကြားဖြတ် ကြည့်ရှု၊ နားထောင်နိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

Disappearing Messages

Self-destruct timer ကို Set လုပ်ထားလိုက်ရင် အသုံးပြုသူရဲ့ Chat က Message တိုင်းဟာ ဖတ်ရှုပြီးတာနဲ့ ပျောက်ကွယ်သွားမှာပါ။ ပျောက်ကွယ်စေမယ့်အချိန်ကို ၁၀ စက္ကန့်၊ ၁ မိနစ်၊ ၁ နာရီ၊ ၁ ရက် စသည်ဖြင့် ရွေးချယ်လို့ရပါတယ်။ Self-destruct timer ကို ဖွင့်ထားရင် Screenshot action ကိုလည်း Chat မှာ Notified လုပ်ပေးမှာ ဖြစ်ပါတယ်။

Edit & Delete Messages for All

သတင်းအချက်အလက်အမှားကို Message ပို့မိတာဟာ ပို့သူမှာရော၊ လက်ခံသူမှာပါ မလိုလားအပ်တဲ့ အနှောင့်အယှက် တွေဖြစ်စေပါတယ်။ ဒါပေမယ့် Viber မှာတော့ Long tap လုပ်ပြီး အလွယ်တကူပဲ Edit လုပ်နိုင်ပါတယ်။ တစ်ဘက်ကလည်း မြင်ပြီးသားဖြစ်တဲ့ Message ကို နှစ်ဘက်စလုံးမှာ ပျောက်ကွယ်သွားစေချင်တယ်ဆိုရင်လည်း လွယ်လွယ်ကူကူနဲ့ Delete လုပ်နိုင်ပါတယ်။

Hide Chats

ကိုယ့်ရဲ့ Conversation တွေကို တခြားတစ်ယောက်ယောက်က မတော်တဆဖြစ်ဖြစ် မြင်သွားတာမျိုး မဖြစ်အောင်လည်း Hide Chat နဲ့ ကာကွယ်ထားလို့ ရပါတယ်။ လိုအပ်တဲ့အချိန်မှာ PIN နဲ့အတူ Access လုပ်ရတာမျိုးပါ။

Tap More > Settings > Privacy > Hidden Chats

‘Online’ and ‘Read’ status settings

ကိုယ့်ရဲ့ Online မှာဘယ်အချိန် နောက်ဆုံးရှိနေခဲ့တယ်၊ ဒါမှမဟုတ် တခြားသူရဲ့ Message ကို ဖတ်ပြီးပြီဆိုတာကို မသိစေချင်ရင်လည်း Privacy Setting ကတစ်ဆင့် နှစ်မျိုးစလုံးကို ပိတ်ထားလို့ရပါတယ်။

Tap More > Settings > Privacy > Toggle off ‘Online’ status / ‘Seen’ status

Ref: Viber