HP က ၂၀၂၀ ခုနှစ်အတွက် ဒီဇိုင်း အသစ်နဲ့ Specs အသစ်တွေ ပါတဲ့ OMEN 15 Gaming Laptop တွေကို ကြေညာလိုက်ပါတယ်။  AMD CPU ပါတဲ့ ပထမဆုံး OMEN Laptop ဖြစ်ပါတယ်။ Intel Core i7-10750H ဒါမှမဟုတ် AMD Ryzen 7 4800H CPU တွေ ရွေးချယ်နိုင်ပြီး NVIDIA RTX 2070 Super Max-Q ထည့်ထားပါတယ်။

Intel Model မှာ 32GB DDR4-2933 နဲ့ AMD Model မှာ DDR4-3200 အထိ ရွေးချယ်နိုင်ပါတယ်။ Storage အပိုင်းမှာ 1TB NVMe M.2 SSD အထိ ထည့်သွင်းနိုင်ပါတယ်။ ၁၅.၆ လက်မ မျက်နှာပြင် ပါလာပြီး ၁၈၀ ဒီဂရီ ခေါက်ချိုးနိုင်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ 1080p IPS LCD , 144Hz FHD IPS LCD, 300Hz FHD IPS LCD နဲ့ 120Hz UHD IPS LCD or OLED တွေ ရွေးချယ်နိုင်ပါတယ်။

OMEN 15 မှာ ဒီဇိုင်း အသစ် ထည့်ထားပြီး စိမ်းပြာရောင် Diamond Logo ပါလာပါတယ်။ Mica Silver နဲ့ Shadow Black  ၂ ရောင် ထုတ်လုပ်ထားပါတယ်။ အပူချိန်စောင့်ကြည့်တဲ့ IR Thermopile Sensor ၊ ပိုကြီးတဲ့ လေထွက်ပေါက်နဲ့ 12V Fan တွေ ထောက်ပံ့ထားတဲ့အတွက် အပူချိန် လျှော့ချပေးတဲ့ နည်းပညာ ပိုကောင်းလာပါတယ်။

HP က ဘက်ထရီ သက်တမ်းဟာ Game မကစားရင် ၁၂ နာရီခွဲလောက် ရှိတယ်လို့ ပြောပြီး Game ကစားရင်လည်း တော်တော် အသုံးခံနိုင်ပါတယ်။ တန်ဖိုးအနည်းဆုံး Model ကို ၉၉၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၁၄ သိန်းလောက်ရှိပါတယ်။ စတင် ရောင်းချပေးနေပါပြီ။

Ref : gsmarena