HP က Laptop လောကထဲမှာတော့ ဆရာတစ်ပါးပါ။ HP ရဲ့ Premium Laptop တော်တော်များများက Design ပိုင်းမှာ တော်တော်လေးစွဲဆောင်မှုရှိကြတာ များပါတယ်။ အဲ့ဒီအထဲကမှ ရုံးသုံးလို့ပြောလို့ရတဲ့ HP Envy Series လေးတွေက သဘောကျဖို့ကောင်းပါတယ်။

အခု 2018 အတွက်တော့ HP က Envy 17 Laptop အသစ်ကို မိတ်ဆက်ပေးလိုက်ပါပြီ။ $1050 ပဲရှိတာကြောင့် Premium Office Laptop တစ်လုံးအနေနဲ့တော့ ဈေးမများဘူးလို့ပြောလို့ရပါတယ်။ Envy 17 ဆိုတဲ့အတိုင်း 17.3 Inch ရှိတဲ့ Full HD IPS WLED Screen ကိုတပ်ဆင်ပေးထားပါတယ်။ Screen Size ကြီးပေမယ့် ဘေးဘောင်တွေကိုတော့ သေးပေးထားတာကိုတွေ့ရပါတယ်။

Specs တွေအနေနဲ့ကတော့ Intel 8th-generation Core i7-8550U, 8 or 16GB of DDR4-2400 SDRAM, Nvidia GeForce MX150 with 2GB GDDR5 memory, 1TB 7,200rpm hard drive ကို 16 GB Intel Optane Memory နဲ့တွဲပေးထားပါတယ်။ အခြားတစ်ခုကတော့ DVD Drive ပါပါသေးတယ်။ ပါနေကျအတိုင်း USB 3.1 Gen 1/ Gen 2 အပေါက်တွေနဲ့ HDMI 2.0, Gigabit Ethernet, Headphone Jack, USB C တစ်ပေါက်ပါဝင်ပါတယ်။ အသံပိုင်းအတွက်တော့ Bang & Olufsen ရဲ့ Speaker တွေကို အသုံးပြုပေးထားတာကြောင့် အသံပိုင်းကတော့ ပေးရတဲ့ဈေးနဲ့တန်တယ်လို့ပြောလို့ရပါတယ်။

Battery ကတော့ ၉ နာရီလောက်ဆက်တိုက်အသုံးပြုနိုင်မယ်လို့ ဖော်ပြထားပါတယ်။ ၉ နာရီဆိုတာ ရုံးတက်ရုံးဆင်းချိန် အစအဆုံးပါဝင်တာကြောင့် သာမန်ရုံးသုံးဆိုရင်တော့ တစ်နေကုန် အားသွင်းစရာတောင်လိုမယ်မထင်ပါဘူး။ အလေးချိန်ကလည်း 2kg လောက်ပဲရှိတာကြောင့် အိတ်ထဲထည့်သယ်သွားဖို့ အဆင်ပြေမှာပါ။ HP ကတော့ Envy 17 ကို 4K Display ပါတဲ့ Version ကိုပါရောင်းချပေးဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် ဈေးပိုများလာမှာဖြစ်သလို Battery ကြာချိန်ကိုလည်း သိသိသာသာထိခိုက်နိုင်ပါတယ်။ မြန်မာငွေ ဆယ်သိန်းစွန်းစွန်းပဲသုံးချင်ပြီး Windows Laptop ကောင်းကောင်းသဘောကျသူတွေအတွက်တော့ HP Envy 17 က စိတ်ဝင်စားစရာပါ။